Chapter:23
အဲ့တာနဲ့ထုန်လုက လက်ဖမိုးနဲ့ အမြန်သုတ်လိုက်သည်၊၊ သူမ၏ပါးပြင်များ နီမြန်းလာလျက် အလွန်ရှက်ရွံ့နေကာ ထွက်ပြေးချင်လာမိသည်။
သို့သော် လန်ယဲ့ကျင်းသည် စားပွဲပေါ်ရှိ ကော်ဖီခွက်အလွတ်ကို သူမအား ကမ်းပေးလိုက်၍ ကော်ဖီတစ်ခွက်ဖျော်ပေးစေချင်မှန်း ထင်ရှားနေ၏။
'ဘာလို့ ငါလေးကိုပေးမသွားတာလဲ။ ဒီလူက ငါ့က်ို အခက်တွေ့အောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတာပဲ။'
ရှက်ရွံ့ဒေါသကြီးစွာဖြင့် သူမသည် လန်ယဲ့ကျင်းအဖို့ ကော်ဖီတစ်ခွက်ဖျော်ပေးရန်ထွက်လာခဲ့ရလေသည်။ထို့နောက် ကောက်ကျစ်စဥ်းလဲစွာပြုံးရင်း သကြားမထည့်ဖို့ ဆုံးဖြတ်လိုက်တယ်။
******
လန်ယဲ့ကျင်း တစ်ငုံသောက်ပြီးနောက် သူ့မျက်လုံးတွေ အနည်းငယ်မှိန်သွားပြီး သူ့လက်ကိုဝှေ့ယမ်းကာ သူမအား ကော်ဖီတစ်ခွက် ထပ်ဖျော်ရန် အချက်ပြခဲ့သည်။ထုန်လုကမျက်လုံးပြူးမျက်ဆန်ပြူး အံ့အားသင့်သွားရပါတယ် ။
'ဒါကငါလေးပြန်ပေးရမဲ့ အဖိုးအခလို့ယူဆလို့ရရဲ့လား?'
သို့နှင့်သူမလည်း ကော်ဖီတစ်ခွက်ကို မှုန်ကုပ်ကုပ်ပြန်ဖျော်ကာ သကြားအလုံအလောက်ထည့်လိုက်သည်။ သို့ပေမဲ့ထိုလူမှာတစ်ကျိုက်သောက်ပြီးနောက် သူမကို အေးစက်တဲ့အမူအရာဖြင့် ကြည့်လျက် ကော်ဖီတစ်ခွက်အသစ်ဖျော်ပေးရန် ထပ်မံအချက်ပြလာခဲ့ပါတယ်။
ထုန်လုက သူ့ကိုအရမ်းစိတ်ဆိုးသွားသည်။ သူဘယ်လိုကော်ဖီအရသာမျိုးကြိုက်နေလို့လဲ။
ထုန်လုသည် အလားတူဖြစ်စဉ်ကို ငါးကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ရ၏။ ငါးကြိမ်မြောက် ကော်ဖီခွက်ကို ဖျော်ပြီးတဲ့နောက်မှာ သူမမျက်နှာငယ်လေးနဲ့ လန်ယဲ့ကျင်းအား လေးစားသောပုံစံဖြင့် ကော်ဖီခွက်ကို ပေးလိုက်သည်။ ထို့အတူ သူမ၏နှုတ်ခမ်းမှာလဲ လှုပ်ယွလှုပ်ယွအမူအရာဖြင့် သူ့ကိုစိုက်ကြည့်နေလေ၏။
'အစ်ကိုကျွန်မမှားမှန်းသိသွားပါပြီ၊ နောက်တစ်ခါ ထပ်မလုပ်ရဲတော့ပါဘူး၊ကျေးဇူးပြုပြီး ဒီကမရီးလေးက်ို သွားခွင့်ပေးပါနော်'