CHapter:45 ~46

296 33 3
                                    

Chapter :45

လန်ယဲ့ကျင်ရဲ့နက်မှောင်တဲ့ မျက်နှာထက်မှာ  မောက်မာမှုတစ်ဖျပ်ဖျပ်ခတ်လာတယ်။
"ဒယ်ဒီအထင် ဒယ်ဒီထက်ပိုကြီးပြီး သက်လုံအားပိုကောင်းတဲ့လူကို ရချင်တော့ ရှာရခက်မယ်ထင်တယ်"

ထိုအခါ ရှန်းရှန်းက မျက်လုံးလေးပေကလပ်ပေကလပ်နဲ့  ထုန်လုကို လှမ်းကြည့်လိုက်၏။မျက်နှာထက်မှာလည်း  အပြစ်ကင်းသောအကြည့်တစ်ခုရှိနေသည်။
 "မာမီ အဲဒါတကယ်လား"
ထုန်လုက နှုတ်ခမ်းကို တင်းတင်းကိုက်လိုက်ရင်း လန်ယဲ့ကျင်ကို စူးစူးရဲရဲစိုက်ကြည့်ကာ "မာမီမသိဘူးလေ"

လန်ယဲ့ကျင်က သူမကိုပြန်ကြည့်ရင်း 'မင်းမသိတာ သေချာလား' လို့ ပြောနေသယောင်ယောင်။
ထုန်လုက သူ့ကို မျက်စောင်းထထိုးကာ  'ကျွန်မဘယ်လိုသိမှာလဲ'
နောက်ဆုံးတွင်  လန်ယဲ့ကျင်က သူမကို မကျေမနပ်စိုက်ကြည့်ကာ 'ကောင်းပြီ!'

ရှန်းရှန်းသည် ကြည်လင်တဲ့ မျက်လုံးကြီးတွေနဲ့ လူကြီးနှစ်ယောက်ကို မော့ကာကြည့်နေလေ၏။
 'မာမီနဲ့ဒယ်ဒီက  စကားတစ်ခွန်းမှ မပြောကြဘူး။ တစ်ယောက်နဲ့ တစ်ယောက် အကြည့်ချင်းစကားပြောနေတာများလား ဘာလို့တုန်း။'

အင်းပါ  ရှန်းရှန်းလေးသိပါတယ်။ "ဒယ်ဒီနဲ့မာမီက  နှစ်ယောက်သား  တစ်ယောက်ကို တစ်ယောက် ပရောပရည်လုပ်နေကြတာလား..ဟင်"

တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေတဲ့ လူကြီးနှစ်ယောက်ဟာ  ရုတ်တရက်  အစားတစ်ဆို့သွားပြီး တစ်ညီတစ်ညွှတ်တည်း ပြောကြတော့သည်။ "ရှန်းရှန်း ထမင်းစားနေတုန်း စကားမပြောနဲ့!"

'အဟမ်း~ အဖြစ်မှန်ကို ထောက်ပြတော့လည်း လူကိုလာဆူနေတယ်'

ရှောင်ရှန်းရှန်းလေးဟာ  သူ့နှုတ်ခမ်းကို မှုန်ကုပ်ကုပ်လေး ကိုက်လိုက်သည်။ အရွယ်ရောက်နေတဲ့သူတွေရဲ့ ကမ္ဘာကြီးဟာ ဟန်ဆောင်မှုတွေနဲ့ ပြည့်နှက်နေပြီး သူတို့အားလုံးက ကြောင်သူတော်တွေ။ ဘယ်လိုမျှမဖြစ်နိုင်။ဒယ်ဒီကို သူ့မာမီရဲ့ ယောကျာ်းဖြစ်အောင် လုပ်ရမယ်။ ရှောင်ရှန်းရှန်းသည် သုံးယောက်သား ပျော်ရွှင်တဲ့ မိသားစုကို တောင့်တလိုချင်နေမိ၏။

15ရက်တခါ ၃နှစ်သားအသွင်သို့Where stories live. Discover now