Chapter:53
နောက်က်တစ်နေ့မနက်တွင် လန်ယဲ့ကျင်အသေးလေးသည် ဧည့်ခန်းထဲက ဆိုဖာပေါ်တွင် ထိုင်ရင်း ရှန်းရှန်း၏ ကျယ်လောင်လှတဲ့ ဆူညံသံတွေကို လျစ်လျူရှုကာ သူ့ကိုယ်ပေါ်ရှိ ပန်းရောင်ဝတ်စုံကို စိုက်ကြည့်နေသည်။သူသည် ရီမုတ်ကွန်ထရိုးဖြင့် ချန်နယ်များကို ပြောင်းရင်း နံနက်ခင်းသတင်းကို ကြည့်လိုနေသည်။တစ်ညလုံး သူ့စိတ်တွေ အပြောင်းအလဲတွေ အရမ်းများလာခဲ့တာကြောင့် ဒေါသအရမ်းထွက်ပြီး စကားပြောချင်စိတ်ချင်မရှိပါချေ။
ထုန်လုသည် မနက်စာပြင်ပြီးသောအခါ မီးဖိုချောင်ခန်းထဲမှ ထွက်လာသည်။ ခဏအကြာမှာတော့ စားပွဲဝိုင်းမှာ အရသာရှိတဲ့ အစားအသောက်တွေနဲ့ ပြည့်နှက်လို့နေ၏။
ထိုအခါ ရှန်းရှန်းက သူမဆီသို့ စိတ်လှုပ်ရှားစွာ ပြေးသွားပြီး ။ "မာမီ မောင်လေး ဘယ်ကလာတာလဲ"
“မာမီလည်း မသိဘူး။” ပြောရင်း ကလေးမကို ချီလိုက်ရင်း " ရှန်းရှန်း ကလေးထိုင်ခုံက တစ်လုံးပဲ ရှိတယ်။ မောင်လေးကို သုံးခွင့်ပေးလို့ရမလား"
ရှန်းရှန်းက ဝမ်းသာအားရ ခေါင်းညိတ်လိုက်သည်။ “ဟုတ်ကဲ့ အဲဲဒီမောင်လေးက အရမ်းချစ်စရာကောင်းတယ်။ ဒါပေမယ့် သူဘာလို့ စကားမပြောတာလဲ?"
ထုန်လုသည် ဧည့်ခန်းထဲသို့ လှမ်းဝင်ရင်း ဆိုဖာပေါ် တစ်ယောက်တည်း ထိုင်နေသော လန်ယဲ့ကျင်ကို ကောက်ချီကာ ခုံပေါ်ချပေးလိုက်ရင်း “ကလေးလေး မနက်စာ အရင်စား ပြီးရင် အဝတ်အစားဝယ်ဖို့ အန်တီတို့အပြင်သွားမယ်။ဒေါသမထွက်နဲ့ ဟုတ်ပြီလား?လိမ်မာတယ်"
လန်ယဲ့ကျင် အသေးလေးသည် နီရဲသောမျက်လုံးတွေဖြင့် သူမအား စူးစူးဝါးဝါး စိုက်ကြည့်နေကာ သူ့မျက်လုံးတွေမှာ မာနကြီးပြီး အေးစက်နေသည့်အရိပ်အယောင်တွေ တည်ရှိနေတယ်။ သူစကား လုံးဝမပြောချင်ပေ။သူသည် အခြားသူများ၏ ထိန်းချုပ်မှုကို ခံနေရပြီး အစွမ်းမဲ့သွားသည်မှာ လက်မခံချင်လောက်အောင် ဖြစ်နေ၏။ သူ့မျက်ခုံးတွေက အလိုမကျမှုကြောင့် ကြုတ်နေလေပြီးသူ့နှုတ်ခမ်းတွေလည်း တင်းတင်းစေ့ထားတယ်။