အခန်း ၁၇
ထုန်လုသည်ထိုကြိုးသိုင်းကို အမြန်လွှတ်လိုက်သည်။
ထို့နောက်လန်ယဲ့ကျင်းက သူ၏ ဝတ်ရုံကိုပြန်လည် ချည်နှောင်လိုက်ပြီး မာနကြီးသော အကြည့်ဖြင့် သူမကို စိုက်ကြည့်နေသည်။ သူ့အကြည့်တွေက အရမ်းအန္တရာယ်များတာကြောင့် မျက်စိတစ်မှိတ်အတွင်းမှာပဲ ပြာကျသွားလုမတတ်ထုန်လုက ရှက်ပြာရှက်ပြာနဲ့ သူမ၏လက်ကို အမြန်ခါရမ်းကာ ရှင်းပြလိုက်ရပါတယ်
“ကျွန်မဘာမှ မမြင်ဘူး တစ်ကယ်တော့ ဘာမှမမြင်ခဲ့ဘူး"
အပြစ်ကင်းကြောင်း ဝန်ခံဖို့ အလျင်လိုနေခဲ့သော သူမအဖြစ်ကို လန်ယဲ့ကျင်းစွန့်လွှတ်စေလိုသည် ။ သူက သူမအား အေးစက်သော အလင်းရောင်ဖြင့် ပစ်ခတ်ဟန်ခနဲ့က အေးစက်စွာသရော်ခဲ့လေသည်
“ဘာများကွာခြားနေလို့လဲ မင်း အဲဒါကို ထိခဲ့ပြီးပြီပဲ ဘာပဲဖြစ်ဖြစ်!"
သူကအမှန်တိုင်းသာပြောတတ်သည်မို့ ယဉ်ကျေးဖို့ လုံးဝစိတ်မ၀င်စားပေ။
ထုန်လုသည်သာ ဘာစကားတစ်ခွန်းမှ မပြောနိုင်လောက်အောင် ရှက်ရွံ့လာရသည်။
သူမ မျက်လုံးပြူးလျက် တစ်ခဏအတွင်း၌ ဤနေရာမှ မီးခိုးငွေ့များကဲ့သို့ပျောက်ကွယ်သွားစေရန် အမှန်တကယ် ဆန္ဒရှိနေခဲ့သည်။
သူမကတောင့်တင်းနေသောအပြုံးဖြင့် ဒေါသအားမျိုသိပ်လိုက်ကာ သူမလာရသည့်အကြောင်းရင်းကိုသတိရလိုက်သည်
"ရှန်းရှန်း ဘယ်မှာလဲ "
“ပထမထပ် ဘယ်ဘက် တတိယအ…”
"ကျေးဇူးတင်ပါတယ်၊ ကောင်းသောညပါ"
လန်ယဲ့ကျင်းစကားမဆုံးခင် ထုန်လုကလေကဲ့သို့လျင်လျင်မြန်မြန်နဲ့ဖြတ်ပြောကာ အပေါ်ထပ်သို့ ပြေးတက်သွားလေသည်။
လန်ယဲ့ကျင်းသည် သူမ၏ သေးသေးသွယ်သွယ် ခန္ဓာကိုယ်ကို စိုက်ကြည့်ရင်း မျက်ခုံးကို အနည်းငယ် မှိတ်ချကာ လျှံကျလာတော့မည့်ဒေါသအား ထိန်းချုပ်လိုက်သည် ။ စကားအဆုံးသတ်ရန် အခွင့်မရှိသော ဝါကျ၏ ဒုတိယအပိုင်းမှာ
"ဒါပေမယ့် အဲ့ဒါ ငါ့အခန်း"။