Chapter:41
လန်ယဲ့ကျင်သည် ပြတင်းပေါက်ရှေ့တွင် ရပ်နေကာ လက်နှစ်ဖက်ကို ဖြတ်ထား၍ အချိန်ကိုရေတွက်နေမိ၏။ ထိုအမျိုးသမီးသည် နာရီပေါင်း 50တိုင်တိုင် အကျဉ်းချခံခဲ့ရပြီဖြစ်သည်။ ယခုတွင်သူ၏ စိတ်ရှည်သည်းခံမှုမှာလည်း ကုန်ဆုံးသွားပြီဖြစ်၍ မျက်လုံးတွေမှာလည်း မှိန်းဖျော့နေ၏။ဝန်ကြီးချုပ်ကို သူကိုယ်တိုင်ကိုယ်ကျ ကယ်တင်သင့်လား။
ဒါပေမဲ့ အရမ်းပြင်းထန်လွန်းတယ်၊ တွေးကြည့်ရုံနဲ့တင် လန်ယဲ့ကျင်ရဲ့ မျက်နှာတွေ ဒယ်အိုးအောက်ခြေကဲ့သို့ မည်းမှောင်သွားတယ်။
ထိုအချိန်တွင် အတွင်းရေးမှူယွီမှ ဖုန်းဝင်လာရာ
ဖုန်းကိုင်လိုက်သည်နှင့် တစ်ဖက်လူက ချက်ချင်းပြန်ပြောသည။"သခင်လေး မင်းဆေးရုံက မိတ်ဆက်ပေးတဲ့ ဆရာဝန်က မစ္စတာဝန်ကြီးချုပ်ကို ကယ်တင်လိုက်ပါပြီ။ ။ သမ္မတကြီးက သူ့လူတွေနဲ့ ဆေးရုံကို သွားလည်နေကြပြီ။ မစ္စထုန် လည်း သူတို့နဲ့ လိုက်ပါသွားပါတယ်”
ထိုအခါ လန်ယဲ့ကျင်က ချက်ချင်း ထရပ်လိုက်ပြီး ပြောလိုက်သည်။
"ဆရာဝန်ကို ပြောပြပြီးအောင်မြင်မှုရဲ့တစ်စိတ်တစ်ပိုင်းကို ထုန်လုရဲ့ ရှေးဦးသူနာပြုအကူအညီနဲ့ အသိအမှတ်ပြုကြောင်း အလေးပေးဖော်ပြထားလိုက်"
“ ဟုတ်ကဲ့ နားလည်ပါပြီ” အတွင်းရေးမှူးယွီက ခေါင်းညိတ်ကာ ဆက်သွယ်ပြောဆိုခဲ့သည်။
*******
ထုန်လုသည် သမ္မတနှင့်အတူပထမဆုံး ကားစီးရသည်ဖြစ်၍ စိတ်ဖိစီးမှုနှင့် မသက်မသာစွာ ခံစားနေရပါသည်။
သမ္မတက အလွန်ဖော်ရွေ၏။
“ဒီလိုတော်တော်ကြီးမားတဲ့ ဒုက္ခကို ကြုံဖူးတော့ ဒီနှစ်ရက်အတွင်းမှာ မင်း ငိုဖူးလား"ထုန်လုက တည့်တည့်မတ်မတ်ပြန်ထိုင်ကာ တင်းမာကာ ခေါင်းခါရင်းချက်ချင်းပြန်ဖြေသည်။
"ဒုတိယဦးလေး၊ တောင်းပန်ပါတယ် ဥိီးလေးရဲ့လူတွေကို ဒုက္ခရောက်စေခဲ့လို့”ဒါကိုကြားတော့ သမ္မတကြီးက တစ်စုံတစ်ခုကို တွေးတောနေဟန်နှင့် သူမ၏မျက်နှာကို စိုက်ကြည့်ရင်း
"ဒါက ပြဿနာ လုံးဝမဖြစ်နိုင်ပါဘူး။ ဖိအားတွေ အရမ်းကြီးမခံစားနဲ့။ စကားမစပ်၊ မင်းကို ပထမဆုံးစတွေ့ကတည်းက မင်းနဲ့ရင်းနှီးတဲ့ခံစားချက်ကို ဦးလေးခံစားခဲ့ရတယ်။ မင်းမျက်နှာက ငယ်ငယ်က ဦးလေးသိကျွမ်းဖူးတဲ့လူကို သတိရစေတယ်။ ပြဿနာတစ်ချို့ ကြုံလာတဲ့အခါ မုန်တိုင်းကို ဖြတ်ကျော်ရင်း ငြိမ်သက်စွာ နေနိုင်ခဲ့တယ်။ ဒါကချီးကျူးစရာကောင်းတဲ့ စရိုက်လက္ခဏာပဲ"