Chapter:37
"သူမလား? သူမက ယောကျာ်းရဲ့သန့်စင်ခန်းထဲကိုဝင်ပြီး ဗြိတိန်ဝန်ကြီးချုပ်ရဲ့အဝတ်အစားတွေကို ချွတ်လိုက်တာလား"
လန်ယဲ့ကျင်းက မတ်တပ်ထရပ်ပြီး တံခါးဆီသို့ လျှောက်သွားလိုက်သည်။ အစည်းအဝေးခန်းမမှ ထွက်လာသည်နှင့် သူ့အမူအရာ ချက်ချင်း မည်းမှောင်သွားတယ်။
"ဘယ်လိုဖြစ်တာလဲ?"
“မစ္စထုန်က ဗြိတိန်ဝန်ကြီးချုပ်မှာ ရင်ကျပ်ရောဂါ ခံစားနေရတယ်ဆိုပြီး အရေးပေါ်အလျင်အမြန်ကုသနိုင်သည့်နည်းဖြင့် အကူအညီပေးခဲ့ပါတယ်။ ဒါပေမယ့် ဗြိတိန်ဝန်ကြီးချုပ်ရဲ့ ကိုယ်စားလှယ်တွေ အဆိုအရတော့ သူ့မှာ ရင်ကျပ်ရောဂါ ခံစားနေရသည့် ဆေးမှတ်တမ်းမရှိပေ။ အဲဒီအချိန်တုန်း ဗြိတိန်ဝန်ကြီးချုပ်က သတိလစ်နေပြီ။ သန့်စင်ခန်းထဲ မျက်မြင်သက်သေ နဲ့ စောင့်ကြည့်ကင်မရာတွေလည်း မရှိဘူး။ အခု ဝန်ကြီးချုပ် ရဲ့ကိုယ်ရံတော်တွေက သူမကို ဖမ်းဆီးထားပြီး စစ်ဆေးမေးမြန်းလျက်ရှိနေပါတယ်။။ ကျွန်တော်တို့လူတွေက သူမကို သွားကြည့်ခွင့်မရကြဘူး။ လက်ရှိ ဗြိတိန်ဝန်ကြီးချုပ်၏ ဧည့်ခန်းမှာ ထိန်းသိမ်းခံနေရပါတယ်။ ”
ထိုမှသာ လန်ယဲ့ကျင်းသည် ဗြိတိသျှ ဝန်ကြီးချုပ်၏ ဧည့်ခန်းသို့ လျှောက်သွားကာ အထဲမှ အသံများအား နားစွင့်လိုက်ရင်း သူမ၏ အသံကို ခွဲထုတ်ရန် ကြိုးစားနေခဲ့သည်။
ဧည့်ခန်းနှင့် အခန်းအပြင်ဘက်ရှိ စင်္ကြံတွင် ဗြိတိန်ဝန်ကြီးချုပ်၏ ကိုယ်ရံတော်များပြည့်နှက်နေပါသဖြင့် စကားများများပြောလေ ဆူညံသံများကြားမှ သူမ၏ ကျယ်လောင်သောအသံ ထွက်ပေါ်လာလေလေပင်။
******
ထုန်လုသည် စိတ်တည်ငြိမ်စေရန် တွန်းအားပေးကာ အသက်ပြင်းပြင်းရှူထုတ်လိုက်၏။
စစ်ဆေးမေးမြန်းမှုအတွင်း၊ သူမသည် အဆုံးမရှိသောမေးခွန်းများကို ရင်ဆိုင်ခဲ့ရပြီး
ညှဉ်းပန်းနှိပ်စက်မှုအမျိုးမျိုးကို ငြိမ်သက်စွာ ခံယူခဲ့သည်။သူမသည် ဖြစ်စဉ်ကို သုံးကြိမ်တိုင်တိုင် ထပ်ခါထပ်ခါ ပြောကြားခဲ့သည်။