Chapter:40
အမျိုးသမီးငယ်တစ်ဦးသည် တစ်စုံတစ်ဦးကိုကူညီရန် ကြိုးစားခဲ့သော်လည်း သူမ၏ လုပ်ရပ်မှာ စော်ကားမှုတစ်ခုအဖြစ် ရှုမြင်ခံခဲ့သည်။ သူမသည် တိုင်းပြည်၏ အကြီးကျယ်ဆုံးသော အပြစ်သားဖြစ်လာနိုင်သည်။
ဒါကို သူမ မကြောက်ပဲ နေပါ့မလားလေ....
သို့သော် မတ်လေး၏ ရိုးရှင်းသော လုပ်ရပ်တွေက ထုန်လု၏စိတ်ထဲရှိ ထိတ်လန့်မှုနှင့် စိတ်မသက်မသာဖြစ်မှုများအားလုံးကို ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့စေသည်။
သူ့ထံမှ နှစ်သိမ့်မှုနှင့် စိုးရိမ်မှုတို့ကို သူမ ခံစားလ်ို့ရနေတယ်။
ယခုတွင်မူ ကောင်းကင်က သူမအပေါ် ပြိုကျသွားလျှင်ပင် သူမ မကြောက်တော့။
ထုန်လုသည် ထိုင်ခုံပေါ်တွင် မတ်မတ်ထိုင်ရင်း နှစ်နိုင်ငံစလုံးမှ သံတမန်များ၏ စစ်ဆေးမေးမြန်းမှုကို တည်ငြိမ်စွာ ရင်ဆိုင်ခဲ့သည်။ စေ့စပ်ညှိနှိုင်းမှုနှင့် စစ်ဆေးမေးမြန်းမှု နှစ်နာရီအတွင်း သူမ၏လက်ကို မတ်လေးက တစ်ချိန်လုံး ဆုပ်ကိုင်ထားပေးခဲ့သည်။ နောက်ဆုံး၌ နျစ်နိုင်ငံကြား နှစ်ဖက်စလုံး၏ ဆွေးနွေးမှု ပြီးဆုံးသွားသောအခါမှသာ သူက သူမလက်ကိုလွှတ်ပေးလိုက်သည်။
ထို့နောက် နှစ်ဦးနှစ်ယောက်ကြားတွင် နောက်ထပ် ဘာနှီးနှောဖက်တွယ်မှုမှ မရှိတော့ပေ။
သို့တိုင် သူမ၏နှလုံးသားထဲတွင် နွေးထွေးမှုကို ခံစားနေရဆဲဖြစ်ပြီး ပိုသန်မာလာခဲ့သည်။
သို့သော် သူ့လက်ဖဝါးမှ လွှမ်းမိုးချုပ်ကိုင်လိုသော စွမ်းအားများ ပျောက်ကွယ်သွားသောအခါ သူမ၏စိတ်ထဲမှ နားမလည်နိုင်စွာ စိတ်ပျက်သွားမိပြန်ပါတယ်။
လန်ယဲ့ကျင်းက သူမကို စူးစူးဝါးဝါး စိုက်ကြည့်နေတာကြောင့် သူမ၏မျက်နှာတပြင်လုံး ရုတ်ချည်းဆိုသလို ပူထူလာရသည်။
သူမက ရှက်ရွံ့စွာဖြင့် တောက်ပသော အပြုံးတစ်ခုနဲ့ ပြောရှာတယ်။
"အဆင်ပြေပါတယ်။ ကျွန်မကို စိတ်မပူနဲ့။"
"ငါ မင်းကို စိတ်ပူတယ်လို့ ဘယ်တုန်းက ပြောမိလို့လား" သူက ပြတ်ပြတ်သားသားပြောသည်။