Chapter:24
"ဒီကိစ္စနဲ့ပတ်သက်ပြီး အစ်ကို ကျွန်မကိုသတိပေးစရာမလိုပါဘူး။ စရိတ်စကအကုန်အကျခံပြီး ပုံရိပ်ကို သေချာထိန်းသိမ်းမှာပါ။ တကယ်လို့ ကျွန်မကသာ ရှင့်ကိုထပ်ပြီးအရှက်ရစေခဲ့ရင် ကျွန်မကိုယ်ကျွန်မ ကြိုးဆွဲချသတ်သေပါ့မယ်"
ထုန်လုကသူ့ကိုမျက်စောင်းထိုးရင်း လက်ဟန်ခြေဟန်နဲ့လုပ်ပြလိုက်တယ်။
ထို့နောက် လန်ယဲ့ကျင်း၏နောက်သို့လိုက်ကာ အဝတ်ပြောင်းလဲခြင်းလုပ်ငန်းစဥ်ကို ချော့မွေ့စွာ ပြီးစီးသွားစေခဲ့သည်။ ဝတ်စုံ၏ ဒီဇိုင်းသည် ရိုးရှင်းသော်လည်း ဂန္ထဝင်ဆန်ပြီး သူမအား နူးညံ့ပြေပြစ်သောအမျိုးသမီးအသွင်ပေါက်စေသည်။ဤပွဲဟာ အစည်းဝေးကိုယ်စားလှယ်တွေကို ကြိုဆိုတဲ့အနေနဲ့ ကျင်းပတာဖြစ်ပြီး အကြီးစားကျင်းပတဲ့ အမျိုးသားနေ့လည်း ဖြစ်ပါတယ်။ ပင်မစားပွဲသည် အရှည်ပေ ၁၀၀ ခန့်ရှိသော စက်ဝိုင်းပုံဖြစ်သည်။
စတုရန်းပေ 10,000 ကျယ်ဝန်းသော ပွဲရုံခန်းမတွင် နောက်ထပ် စက်ဝိုင်းစားပွဲ ကိုးဆယ့်ကိုးခု တည်ရှိနေပြီး ပွဲစီစဉ်သူတွေက ဧည့်သည်တွေ အဆင်ပြေ မပြေ ဝန်ဆောင်မှုပေးလျက်ရှိနေကြသည်။
ထုန်လုသည် ဤကဲ့သို့ကြီးကျယ်ခမ်းနားသောပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်ခြင်းဖြစ်သည်။
ပွဲရုံထဲသို့ လှမ်းဝင်လာသည့်အခိုက်၌ လန်ယဲ့ကျင်း၏လက်ကို ဆုပ်ကိုင်ထားသည့် သူမ လက်ဖဝါးများမှ ချွေးအေးများတစိမ့်စိမ့်ထွက်လာရသည်။ လန်ယဲ့ကျင်းကသူမဆီခေါင်းငုံ့ပြီး ထပ်မံသတိပေးလာတယ်။
သူ့အကြည့်တွေက လေးနက်ပြီး လွှမ်းမိုးနေတယ်။"မင်း ထပ်ပြီး အရှက်ရအောင်လုပ်ရင် ဒီည စတိုးခန်းမှာ အိပ်ရမယ်"
"မဟုတ်ဘူး၊ ဘယ်လိုမှ မဖြစ်စေရဘူး။""မင်းရဲ့အကြည့်တွေကို လျှောက်ကြည့်မနေနဲ့။"
"ဟုတ်ကဲ့"
ပြီးတာနဲ့ ထုန်လုလည်း လန်ယဲ့ကျင်းကို အတုယူလျက် ကော်ဇောနီ၏ နှစ်ဘက်စလုံးရှိ လူများကို လျစ်လျူရှု၍ ခေါင်းမော့ရင်ကော့ကာ ညစာစားပွဲထဲသို့လျှောက်သွားခဲ့လိုက်လေသည်။