အခန်း ၁၈
“ဒါက နည်းနည်းတော့ မသင့်တော်ဘူး ထင်တယ်…”
လန်ယဲ့ကျင်း၏ အကြည့်များက ချက်ချင်းအေးစက်သွားတယ်။
"ဘယ်လိုမသင့်တော်ဘူးလဲ မင်းက ရှန်းရှန်းကိုအဖေမရှိပဲ ကြီးပြင်းစေချင်တာလား။ မင်းရဲ့သမီးကို ချစ်တဲ့စိတ်က ဒီလိုလား"
ထုန်လုက မတင်မကျနဲ့မျက်မှောင်ကြုတ်ကာ ဘာစကားမှ မပြောနိုင်တော့ပေ
'ဒီစွပ်စွဲချက်က နည်းနည်းလွန်လွန်းတယ်မဟုတ်လား'
"ဟုတ်တာပေါ့? ဘယ်လိုမှ မသင့်တော်ဘူး"
ရှန်းရှန်သည် ငယ်သေးသော်လည်း သူမသည် အပျော်သဘောရှိပြီး အလွန်ချစ်စရာကောင်းသည်။
“မာမီမှာ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ရှိပြီး ချောမောတဲ့ ယောကျာ်းလည်းရှိတယ်။ဒါဘယ်လောက်တောင်ပျော်စရာကောင်းလိုက်တဲ့ ဘဝမျိုးလဲ!”
'ဘုရားရေ!! ဒီကလေးမလေးက ဘာလို့ ရိုင်းစိုင်းနေရတာလဲ။'
"မာမီ!! ရှက်နေလိုက်တာ!"
ထုန်လုသည် ကလေးမလေးကိုကြည့်ကာ ခေါင်းခေါက်ပစ်ချင်စိတ်ပေါက်သွားသည်။
ရှန်းရှန် ရုတ်တရက် ခုန်တက်ကာ ပြောလာသည်
“ဟီးဟီး ဘာဖြစ်လို့လဲ ဆိုတာ ရှန်းရှန်းသိတယ်! မာမီက ချစ်စရာကောင်းတဲ့ ဒယ်ဒီကြောင့် ရှက်နေတာမလား!?"
"ရှန်းရှန်း၊ လျှောက်မပြောနဲ့"
ထုန်လုသည် ထိုနေရာမှတကယ့်ကိုအငွေ့ကဲ့သို့ပျောက်ကွာ်သွားချင်သည်
လန်ယဲ့ကျင်းသည် ဆိုဖာပေါ်တွင် လှုပ်လှုပ်ရွရွဖြင့် ထိုင်နေသည်။ သူ့မေးရိုးသွယ်သွယ်က ပြီးပြည့်စုံပြီး သူ့မျက်နှာအသွင်အပြင်ကလည်း သပ်ရပ်လှသည်။
သူသည် တားမြစ်ထားသော သစ်သီးကဲ့သို့ အေးစက်ပြီး ဆွဲဆောင်မှုရှိသောအကြည့်ဖြင့် သူမတို့အားကြည့်နေခဲ့သည်။
ထုန်လုသည် အတွေးတချို့နဲ့အတူ ရှက်ရွံ့မှုများ သူမစိတ်ထဲပြည့်လျှံသွားကာ သူမ၏ပါးပြင်က နဂိုထက်ပိုနီရဲလာသည်