Chapter:
လန်ယဲ့ကျင်းက ထိုဖုန်းနံပါတ်ကို သူ့လူများထံ ထပ်ဆင့်ပေးပို့နေစဉ်တွင် ကျီယိမင်၏ အသံကို ထပ်မံကြားရပြန်သည်။
“ကျေးဇူးပြုပြီး ဒီဖုန်းနံပါတ်က်ို ငါပေးခဲ့တယ်လို့ မပြောနဲ့။ တကယ်လို့ အဲဒီမိန်းကလေးက ငါ့နှောင့်ယှက်ရင် စမ်းသပ်ချက်သုတေသနတွေကို ထိခိုက်စေနိုင်တယ်။ မင်းနဲ့ပတ်သက်တဲ့ သုတေသနကို ငါအမြဲတမ်း ဦးစားပေးထားတယ်ဆိုတာ မင်းသိတာပဲ ဒါက ငါ့ဘဝတစ်ခုလုံးရဲ့ နံပါတ်တစ် ပန်းတိုင်...”
တကယ်တော့ ကျီယိမင်ဟာ နာမည်ကြီး လူနာတွေကို ကုသမပေးချင်။ နှစ်နိုင်ငံကြား ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးကို ထောက်၍ သာ ဂုဏ်ဒြပ်ကို စွန့်လွှတ်ရမည်ဖြစ်သည်။ နောက်ဆုံးတော့ သူဟာလည်း မျိုးချစ်စိတ်အမြဲရှိနေတတ်တဲ့ လူငယ်လေးတစ်ယောက်ပါ..။
လန်ယဲ့ကျင်းသည် လေးလံသော ခြေလှမ်းများဖြင့် ထွက်ခွာမသွားမီ သူ့အား တစ်ချက်ကြည့်လိုက်သည်။သူတကယ်ပဲ ထုန်လုကို စိတ်ပူနေမိတယ်။ ထို့နောက် မျက်မှောင်ကြုတ်လျက် တွေးလိုက်ပြန်၏။
'ဒီမိန်းမက သူ့ကိုဘယ်လောက်တောင် ဒုက္ခပေးနေတာလဲ'
*****
အကျဉ်းချခံထားရတဲ့ ထုန်လုသည် ဧည့်ခန်းထဲ၌ အောက်နှုတ်ခမ်းကို ကိုက်လျက် ထိုင်နေခဲ့၏။ သူမသည် နိုင်ငံခြားသားများနှင့် ပြည့်နှက်နေသော အခန်းတစ်ခုတွင် ရှိနေရာ သူတို့ထဲမှ တစ်ယောက်ချင်းစီက သူမအား အချိန်မရွေး သေနတ်နဲ့ပစ်သတ်တော့မည့်အလား ကြမ်းတမ်းခက်ထန်စွာ ရပ်နေကြသည်။
ယခုတွင်သူမ၏ မျှော်လင့်ချက်များ ပျောက်ဆုံးနေချေပြီ..
'ဗြိတိန်ဝန်ကြီးချုပ်ရဲ့ အခြေအနေက ဘယ်လိုရှိနေမလဲ။"
ထိုအချိန်တွင် တံခါးဖွင့်သံနှင့်အတူ လန်ယဲ့ကျင်း၏ ကြီးမားသော အသွင်အပြင်က တံခါးဝမှပေါ်လာသည် ။ ထို့အပြင် နိုင်ငံခြားရေးဌာနမှ လူများလည်း ဝင်လာသည်။
ထုန်လုက ချက်ခြင်းပဲ စိတ်လှုပ်ရှားစွာ ထရပ်လိုက်မိတယ်။
ထိုအခါ လန်ယဲ့ကျင်းက ဖြည်းညင်းစွာ လျှောက်လာရင်း ကြီးကျယ်ခမ်းနားပြီး မတုန်မလှုပ်နိုင်သော တောင်ထွတ်တစ်ခုကဲ့သို့နှယ် သူမ၏ရှေ့တွင် ရပ်လိုက်ရာ သူ၏အရိပ်ကား သူမအား လုံးဝ ဝါးမြိုသွားသည်။