Chapter:48
ထုန်လုက ခေါင်းညိတ်လျက်သာ။သာမာန်အားဖြင့် သူမက ယဉ်ကျေးမှုမရှိတဲ့သူမဟုတ်သလို လန်ယဲ့ကျင်တားမြစ်ထားတဲ့ မာစတာခန်းထဲကိုလည်း ဝင်စရာအကြောင်းမရှိပေ။ ထိုအခန်းထဲတွင် သူ၏ စစ်ဘက်ဆိုင်ရာ စာရွက်စာတမ်းများအားလုံးရှိနေသည်။ ဖောက်ထွင်းဝင်ရောက်မှု ပြဿနာ တစ်စုံတစ်ရာ ပေါက်ကြားသွားလျှင် သံသယဖြစ်ဖွယ်လူသားက သူမဖြစ်သွားနိုင်သည်။
ထိုညတွင် အမှန်တကယ်ပင် အိမ်ကြီးတစ်အိမ်လုံး ဗလာကျင်းသွားသည်။ ကိုးနာရီရောက်တော့ သူမနဲ့ရှန်းရှန်းက စောစောအိပ်ယာဝင်ဖြစ်ကြတယ်။******
ညသန်းခေါင်ယံအချိန်၌ အိမ်တံခါးမကြီး၏တစ်ဖက်တစ်ချက်တွင် ယောက်ျားတစ်ယောက်နှင့်မိန်းကလေးတစ်ယောက် ပေါ်လာသည်။ နှစ်ယောက်သား မျက်နှာချင်းဆိုင်ရပ်ရင်း တစ်ယောက်ကို တစ်ယောက် ပြုံးပြကြတယ်။" ကြည့်ရတာ လစဉ် လတိုင်း ဒီတစ်ညကို တော့ ရှင်တို့နဲ့ပဲ အချိန်ဖြုန်းပေးနေရတဲ့ပုံပဲ"
အရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ်အမျိုးသမီးသည် သူ့လက်နှစ်ဖက်ကို ဖြတ်ရင်းပြောလိုက်၏။ သူမက ခြေစွပ်ဝတ်စုံကို ၀တ်ဆင်ထားသည်။သူ့ကိုကြည့်ရသည်မှာ ပင်ပန်းနွမ်းနယ်နေပုံရပြီး စစ်အခြေစိုက်စခန်းမှ အပြေးအလွှား လာခဲ့ရပုံ။သူမရဲ့ခန္ဓာကိုယ်ပေါ်မှာ ဖုန်မှုန့် တွေ အနည်းငယ်စွဲကပ်လို့ လေထုက တရွေ့ရွေ့ ရွေ့လျားနေဆဲ။
ဤစကားကိုကြားတော့ လန်ယဲ့ရွန်က ခမ်ဖွဖွ ရယ်မောလိုက်မိတယ်။ သူ့အိတ်ကပ်ထဲကို လက်တစ်ဖက်ထိုးထည့်ရင်း သူ့အသွင်အပြင်က လမ်းမီးတိုင်အောက်မှာ ရှည်လျားပြီး အတော်ကြော့ရှင်းနေပါသည်။လေးလေးနနက်နက် တွေးနေသကဲ့သို့
သူ့ခေါင်းကို မော့လို့ ကောင်ကင်ထက်က လမင်းကြီးကို ကြည့်ရင်း "ဘာလိုလိုနဲ့ ဒီလိုဖြတ်သန်းလာတာ နှစ်နှစ်လောက်ရှိနေပြီ။ဟုတ်တယ်မလား?"
"အမ်!ကျွန်မလည်းပဲ "ထိုအချိန်တွင် ကားရှေ့မီးအလင်းတန်း
ပြိုးပြိုးပြက်ပြက်က စူးခနဲ။
Aston Martinတစ်စီးသည် သူတို့နှစ်ဦးရဲ့ဘေးတွင် ရုတ်တရက် ရပ်တန့်သွားသည်။
အဖွဲ့ထဲမှာ အငယ်ဆုံးဖြစ်တဲ့ လုံယန်သည်ကား အံ့မခန်းဖက်ရှင်နဲ့ ရောက်ချလာပြီး လေချွန်ကာ ဝတ်စားဆင်ယင်ပုံမှာလည်း ပန့်ခ်ကဲ့သို့။ သူ့ရဲ့လည်ပင်းတစ်ဝိုက်ရှိ သတ္တုဆွဲသီးတွေဟာလည်း ညလေညှင်းကြောင့် တဖျပ်ဖျပ်ခတ်လို့။ သူက ကားနောက်ခန်းရှိ ဘီယာပုံးတစ်ပုံးနှင့် အဆာပြေမုန့်တွေကို လက်ညိုးထိုးပြပြီး ပြောလိုက်တယ်။