အပိုင်း :16
ထုန်ထုသည် လန်ယဲ့ကျင်း၏အိမ်သို့သွားရာလမ်းတစ်လျှောက်အလွန်အမင်း မှုန်ဝါးသွားသလို မသက်မသာဖြင့်ခံစားလိုက်ရသည်။ သို့ပေမယ့် အိမ်အကူပြောသည်က အလွန်ချဲ့ကားရာ ဖြစ်နိုင်ချေရှိလျက် အလုံးစုံမဖြစ်သင့်ပေ
လန်ယဲ့ကျင်း၏စံအိမ်သို့ သူမကချောမွေ့စွာရွက်လွှင့်နိုင်ခဲ့သည်။တံခါးမရှိဓားမရှိသကဲ့သို့ သူမကို ဘယ်သူကမှ တားဆီးခြင်းမရှိဘဲ၊ ခက်ခဲတဲ့အရာတွေကိုမည်သူမှမလုပ်ခဲ့ပေ
ခြံဝင်းထဲတွင် စီစီရီရီရပ်နေသော အစောင့်တပ်သားများမှလွဲ၍ အိမ်ကြီးတစ်ခုလုံး၏အရိပ်အယောင်ထဲတွင် အပ်တစ်ချောင်းကျသံကိုပင် ထင်းရှားစွာကြားနိုင်လောက်အောင် တိတ်ဆိတ်နေပါသည်။ ထုန်လုက စိတ်ထဲကနေအတွင်းကျကျ ရယ်မောလိုက်မိသည်။ အခုဘုရားသခင်တောင် သူမဘက်မှာ ရှိနေတယ်။
သူမသည် လှေကားထစ်ပေါ်တက်နေစဉ်တွင် ဆူညံသံကို တတ်နိုင်သမျှနည်းအောင် အတတ်နိုင်ဆုံး ကြိုးစားပြီး ခြေဖျားထောက်ကာ လျှောက်လှမ်းနေခဲ့သည်။တစ်ယောက်ယောက်ကသာ သူမအဖြစ်ကို မြင်ရင် သူမကို သူခိုးလို့ မလွဲမသွေထင်ကြလိမ့်မည်
"မင်းဘာလို့ဒီလောက်ထိ နှေးစိနှေးကွေးလျှောက်နေတာလဲ"
လူတစ်ယောက်၏ အေးစိမ့်စိမ့်နက်နဲပြီး သံလိုက်ဓာတ်ကဲ့သို့ ဆွဲငင်အားနဲ့အသံဟာ လှေကားထိပ်ကနေ ရုတ်တရက် ထွက်ပေါ်လာသည် သူ့အသံက အေးစက်ပြီးဘေးပတ်ပတ်လည်မှ လေထုအားလွှမ်းမိုးနေပြီး ထုန်လုက အရမ်းတုန်လှုပ်သွားကာ ကြောင်တက်တက်နဲ့ ခြေတစ်လှမ်းလွဲချော်သွားရသည်။ သူမသည် လှေကားပေါ်မှပက်လက်လှန်ကျသွားရသည်
“အား .....”ပုံရိပ်တစ်ခုသည် သူမဆီသို့ ဖျက်ခနဲရောက်လာပြီး သူမ၏လက်ကိုလျင်မြန်စွာဆွဲယူကာ ခါးကို သူ့လက်တစ်ဖက်ဖြင့် ထိန်းထားလိုက်သည်။ ထုန်လုကခေါင်းကို မော့ပြီး လေးနက်ပတ်ချာလည်လျက် မှုန်ဝါးနေသောမျက်လုံးတစ်စုံနဲ့အကြည့်ချင်း ဆုံမိရာ ထိတ်လန့်ခြင်းမှ မသက်သာနိုင်သေးပေ။ သူ၏အကြည့်သည် ညို့မှိုင်းကာ အနက်ရောင်သမ်းလျက် အန္တရာယ်များတဲ့ ညတောရိုင်းသတ္တဝါ၏ ပူလောင်စူးရှသည့်အကြည့်ပမာ ပြင်းထန်လှသည်။
ထိုလူ၏မျက်နှာကို ပိုင်းခြားသိမြင်လိုက်သည့်အခိုက်တွင် သူမသည် တုန်လှုပ်သွားသည်ထက် ပိုထိတ်လန့်ဖြစ်သွားသည်။