Chapter:42
ထုန်ကျွင်းသည် ထုန်လုကို မယုံနိုင်စွာကြည့်နေဟန်ဆောင်ရင်း "မမ နင့်မှာ အမြဲတမ်း အကျင့်စရိုက်ဆိုးတွေ ရှိနေမှန်းသ်ိပါတယ်၊ဒါပေမဲ့ ဒီတစ်ခါနင်အရမ်းကို လွန်သွားပြီ။ ညီမတောင် မမအစားတကယ့်ကို ရှက်ရွံ့မိတယ်။ မမအဲ့လိုလုပ်ရပ်မျိုးနဲ့ နိုင်ငံတော်ကို ဖရိုဖရဲဖြစ်အောင် ဘယ်လိုလုပ်နိုင်ခဲ့ရတာလဲ"
ထိုနည်းတူ ရှမန်ဝမ်လည်း ဝင်ရောက်ပြောဆိုခဲ့သည်- "ထုန်လု ညည်းကအန်တီသမီးအရင်းမဟုတ်ပေမယ့် ညည်းဟက ဂိုးဟွာရဲ့သမီးဖြစ်နေတုန်းပဲလေ။ အားလုံးက အန်တီ အပြစ်တွေပါကွယ် ညည်းနဲ့ပတ်သက်တိုင်း အန်တီက စည်းကမ်းကို လျစ်လျူရှုလေ့ရှိတတ်တယ်။ ဒါပေမယ် ညည်းက ဒီလောက်ကြီးလေးနဲ့ အမှုကို ရှုပ်မှတော့ အန်တီလည်း ဘာမှမလုပ်ပေးနိုင်တော့ဘူး၊ သမ္မတကြီးကျွန်မက ထုန်လုရဲ့ အမေအရင်းမဟုတ်ပါဘူး၊ အရင်တုန်းက သူ့ကို ထိန်းကျောင်းခဲ့ရဖူးပေမယ့် အခုကျွန်မ မလုပ်နိုင်တော့ပါဘူး။ သမ္မတကြီးကြိုက်သလို ကိုင်တွယ်ဖြေရှင်းလို့ရပါတယ်။ သူမကို အမှားအမှန်ခွဲခြားတတ်အောင် မသင်ကြားပေးသေးရင် နောက်ဆို ပိုပြီး ဒုက္ခဖြစ်စေနိုင်တယ်... သူ့အဖေနဲ့ကျွန်မက တကယ်ပဲ......"
ရှမန်ဝမ်၏ စကားမဆုံးခင်တွင် သမ္မတကြီး၏အမူအရာက အလွန်ရုပ်ဆိုးလွန်းလှနေသည်ကို တွေ့လိုက်ရ၏။သို့သော် သမ္မတကြီးက ထုန်လုကိုစိတ်ဆိုးနေသည်ဟုသာ ထင်မြင်သွားပြီး ထုန်လုအဖေနှင့်သူမက ထုန်လုကိုဂရုမစိုက်ကြောင်း ဆက်လက်၍ပင် ထုတ်ဖော်ပြောဆိုနေခဲ့သည်။ထိုအချိန်တွင် အနောက်တိုင်းဝတ်စုံပြည့်နှင့် သားရေဖိနပ်စီးထားသည့် အမျိုးသားတစ်ဦးက ဆေးရုံထဲမှထွက်လာခဲ့သည်။ထိုသူမှာ ဗြိတိန်နိုင်ငံခြားရေးရုံးက အမှုဆောင်တစ်ဦးဖြစ်သည်။ ရှမန်ဝမ်ရဲ့ စကားကိုကြားတော့ အလိုမကျစွာ သူ့မျက်မှောင်ကြုတ်သွားလေ၏။
သို့ပေမဲ့ သူက ရှမန်ဝမ်၏စကားကို ဘာမှဝင်မပြောခဲ့ပဲ ထိုအစား သမ္မတကြီးကို အလေးပြုပြီး ထုန်လုကို ဦးတည်ကာ ခါး 90° ခန့် ကိုင်းချထားပြီး ဦးညွှတ်လိုက်ရာ အခြားအစိုးရအား လေးစားမှုဖော်ညွှန်းသည့် အမူအရာကြောင့်၊ ထုန်ကျွင့်နှင့်ရှမန်ဝမ်တို့အပါအဝင် ရဲတပ်သားများလည်း တစ်ဖက်က နိုင်ငံသားသံတမန်ကို အံ့သြသွားကြလေ၏။၊