Ch-9+10:After Four Years, They Were Back at the Same Place 2

667 60 0
                                    

9+10.After Four Years, They Were Back at the Same Place 2

ထုန်လုသည် သူမ၏မျက်လုံးထောင့်မှ သူ့ကို တစ်ချက်ကြည့်လိုက်ရာ အလင်းရောင်ကြောင့် လင်းထိန်နေသော သူ၏ မျက်နှာအသွင်အပြင်ကား  လွန်စွာဆွဲဆောင်မှုရှိနေသည်။ ပြောင်မြေက်တဲ့အနုပညာလက်ရာတစ်ခုလိုပဲ၊ သူ့ရဲ့မျက်နှာက ဘာဆင်ယင်မှုမှမပါပါလျက်နဲ့ သပ်ရပ်ခန့်ညားပြီး ကြည့်ကောင်းလှသည် 

အရပ်ရှည်ပြီး သွယ်လျတဲ့လက်ချောင်းတွေ   ပခုံးကျယ်ပြီး ခါးသေးသွယ်သည်။ သူ၏ အဖြူရောင်ရှပ်အင်္ကျီနဲ့အနက်ရောင် ဘောင်းဘီရှည်သည် သူ့ကို ပို၍ပင် ခံ့ညားပြီးစေပြီး အသွင်အပြင်ကိုပါ  လူတကာအလွယ်တကူမချဉ်းကပ်နိုင်အောင် အေးစက်စေသည် ။  ဒီလူက မျက်စိမလွှဲချင်လောက်အောင်ပြည့်စုံပါတယ်
ဒီလိုဆွဲဆောင်မှုရှိတဲ့ယောက်ျားမျိုးတွေက အမျိုးသမီးတွေကို ဒုက္ခပေးဖို့အတွက် မွေးဖွားလာတာဖြစ်ရမယ် 

မျက်နှာအသွင်အပြင်ကအစ အရှိန်အဝါကအဆုံးမိန်းကလေးတစ်ထောင်ရဲ့အသည်းနှလုံးကို စွဲလန်းစေနိုင်သည်။ သူမ၏နှလုံးခုန်နှုန်း ပ်ိုမိုလျင်မြန်စွာခုန်နေပြီး အမှတ်တမဲ့ သူမအိမ်ထောင်ပြုသည့်ပထမညမှာ သူမရဲ့ယောကျာ်းဖြစ်သူက သူမအား ဖောက်ပြန်စေလိုသည့်နည်းလမ်းကို သတိရမိသည်။ သူမ၏ အမှတ်ရမှု အဆုံးတွင် ချက်ချင်းပင် မျက်နှာနီရဲသွား၏

ဘုရားသခင်!!!! 

ထုန်လု  အောက်နှုတ်ခမ်းကို ကိုက်ကာ

 ငါ ဘာတွေတွေးနေတာလဲ။

စိတ်အေးအေးထား!  ငါစိတ်ရှုပ်ခံလို့မရဘူး။၊ ငါက သူ့မရီး  ပြီးတော့သူက သူမ၏ ကွယ်လွန်သွားတဲ့ ယောကျာ်း မဟုတ်ဘူး။

"မင်းငါ့ကိုကြည့်လို့ပြီးပြီလား" 

လန်ယဲ့ကျင်းက သူမဘက်ကို လှည့်ကာ မျက်ခုံးကို ပင့်တင်ကာမေးလိုက်သည်။ တစ်ချိန်တည်းမှာ သူက ချစ်စရာကောင်းပြီး အန္တရာယ်များတဲ့ပုံပေါက်လာတယ်။

ထုန်လုသည် သူ့ဆီကအကြည့်ကို အမြန်လွှဲကာ
"တောင်းပန်ပါတယ် ရှင်ကကျွန်မယောကျာ်းနဲ့ အရမ်းတူလွန်းတော့  ရှင်နဲ့ထိုင်ရတာ နည်းနည်းအဆင်မပြေသလိုခံစားရလို့"

15ရက်တခါ ၃နှစ်သားအသွင်သို့Where stories live. Discover now