Chapter:26
အတွင်းရေးမှုးယွီကားပေါ်ကဆင်းသွားပြီး မကြာခင်တွင် ကားအပြင်ဘက်မှာ စူးစူးဝါးဝါးအော်ဟစ်သံတစ်ခုကို ကြားလိုက်၏။ သူမက ကားပြတင်းပေါက်မှ လှမ်းကြည့်ချင်နေပေမဲ့ လန်ယဲ့ကျင်းက သူမ၏ မေးစေ့ကို တင်းကျပ်စွာ ညစ်ထားရာ လှည့်ကြည့်ရန်အခွင့်မသာခဲ့ချေ။ထို့ကြောင့် ထွက်လာသည့်အသံကို နားစွင့်နေရုံမှတစ်ပါး။
***
"ရှင်..ဘာ...လုပ်တာလဲ အာ့——"ထုန်ကျွင်းသည် သူမ၏ သူ့မျက်နှာကို အုပ်ကိုင်ထားလျက် အတွင်းရေမှူးယွီကိုမျက်ထောင့်နိီနဲ့ စိုက်ကြည့်ရင်း အော်လိုက်သည်။
"ကျွန်မအဖေက မြို့တော်ဗျူရိုရဲ့ လက်ထောက်ဖြစ်ပြီးတော့ ကျွန်မချစ်သူရဲ့အဖေက ဘဏ္ဍာရေးဗျူရိုရဲ့ ဒါရိုက်တာနော်။ ရှင်ကျွန်မကို ထိခိုက်အောင်လုပ်ရဲရင် ရှင့်ဘဝပျက်မယ်!"
အတွင်းရေးမှူးယွီသည် ထုန်ကျွင်း၏မျက်နှာပေါ်ကဒဏ်ရာကြည့်ရင်း လှောင်ပြောင် ပြက်ရယ်ပြုလိုက်၏။
"အိုး!!အရာရှိကြီးတွေပဲ။ ဒါဆို အနာဂတ်မှာ ငါ့ကိုလက်စားချေရလွယ်အောင် ဒီကချောမောမှုကြီးကို မှတ်သားထားပေးပါဦးဗျ။"
သူ့ရှေ့အမျိုးသမီးက မစ္စထုန် ရဲ့ညီမသာ မဟုတ်ဘူးဆိုရင် သူမမျက်နှာတပြင်လုံးပျက်စီးသွားလိမ့်မယ်။
ထို့နောက် ရှီးယန်ဤနေရာသို့ပြန်ရောက် လာသောအခါ၌ Rolls-Royce Phantomsသည် ပုံစံကျကျ မောင်းထွက်သွားခဲ့ရာ နာကျင်စွာ ငိုကြွေးနေသော ထုန်ကျွင်းသာ ကျန်ရစ်နေခဲ့သည်။****
ဇိမ်ခံကားထဲတွင် ထုန်လုသည် ကားပြတင်းပေါက်မှ ခေါင်းကို မှီချရင်း အလွန်စိတ်မကောင်းဖြစ်မိသည် ။
ထိုအချိန်တွင် လန်ယဲ့ကျင်းသည် သူမ၏လက်မောင်းကို ရုတ်တရက်ဆွဲလ်ိုက်ရာ သူမ၏ သေးသေးသွယ်သွယ် ခန္ဓာကိုယ်ကို သူ့ရင်ခွင်ထဲတွင် ထုပ်ပိုးထားလိုက်သည်။ ထုန်လုက ချက်ချင်းတုန်လှုပ်သွားပြီး မသိစိတ်က ရုန်းထွက်ဖို့ ကြိုးစားလိုက်ပေမယ့် မအောင်မြင်ပေ။သူက သူမ၏မေးစေ့ကို ဖျစ်ညစ်ထားကာ သူ့အားအကြည့်ချင်းဆုံစေရန် မျက်ခုံးပင့်လို့သတိပေးနေ၏။