အခန်း ၂၁လူကနဂိုထက်ပိုများလာကာ ထိုလူများသည် သူတို့တည်ရှိရာဘက်ကို ဦးတည်နေကြောင်း ရှီးယန်မြင်လိုက်သောအခါ၊ သူက သူမကို လွှတ်လိုက်ပါတဟ်။ သူကချာခနဲလှည့်ထွက်ပြီး ကွင်းထဲကို လျှောက်သွားလိုက်တယ်။
ထုန်လုသည် သူမ၏ ခန္ဓာကိုယ်ထဲမှ ခွန်အားတစ်အောင်စကို စုပ်ယူခံလိုက်သလို ခံစားရသည်။ ဒေါသတကြီး ဝေးရာသို့ ထွက်ခွာသွားသော ရှီးယန်၏နောက်ကျောပြင်ကို စိုက်ကြည့်ရင်း မျက်ရည်များက ထိန်းမနိုင်သိမ်းမရ ပါးပြင်ပေါ်သို့ တစိမ့်စိမ့်စီးကျလာသည်။
“မြန်မြန်လာကြည့်။ လန်ယဲ့ကျင်းက ဒီမှာ။ သူက တကယ်အရမ်းချောတယ်။ ဘုရားရေ!!! ငါ မူးလဲတော့မယ်။ ငါ့ရင်ဘတ်ထဲက နှလုံးအပြင်ကိုထွက်ကျတော့မယ်လို့ ခံစားနေရတယ်။”
ရုတ်တရက်ဆိုသလိုပင်ထုန်လုသည် လန်ယဲ့ကျင်းအား စိတ်လှုပ်ရှားစွာကြည့်နေသော သူမဘေးမှ အမျိုးသမီးငယ်တစ်ဦး၏အသံသေးသေးလေးကို ကြားလိုက်ရသည်။
"ဘုရားရေ!!!။ သူက အရမ်းထူးချွန်ပြီးပြောင်မြောက်တာပဲ သူက အရမ်းမိုက်တယ်!”
ထုန်လုသည် လန်ယဲ့ကျင်းကိုကြည့်ကာ သတိးလက်လွတ်နဲ့မျက်နှာကို လက်ဖြင့်အုပ်ထားလိုက်ပါတယ် ။ဒါပေမယ့် ချက်ချင်းပဲ သူမကိုယ်တိုင် နှိမ့်ချစွာ ရယ်လိုက်မိပြန်တယ်။ သူတို့၂ယောက်ကြားမှာ ရပ်နေတဲ့သူတွေ ဒါဇင်ထက်မကများပြားနေခဲ့သည်။ သူမရောက်ရှိနေတာကိုမြင်မိဖို့နေနေသာသာ သတိတောင်ထားမိမှာမဟုတ်ပေ။
လန်ယဲ့ကျင်း၏ ခြေလှမ်းများသည် ညီလာခံခန်းမထဲသို့ရောက်သည့်တိုင် တည်ငြိမ်နေခဲ့သည်။ သူက သူမကို အမှတ်တမဲ့ လှမ်းကြည့်မိတယ် ။ သူမ၏ပါးပြင်ထက်သို့ မျက်ရည်တစ်စက်ကျသွားသည်ကို သူမြင်လိုက်ရပြီး သူမ၏မျက်နှာပေါ်မှ ဝမ်းနည်းသည့်အမူအရာတစ်ခု ရှိနေသည်ကို သတိပြုမိသည်။ သတိမထားမိသလောက်ဘဲ၊ သူ့မျက်လုံးတွေကို နည်းနည်းချင်းမှိတ်ထားလိုက်တယ်။
ထုန်လု၏ နှလုံးခုန်သံသည် ချောက်ချားစွာတုန်လှုပ်သွားသည်။