Chapter:54
"လုံယန် ငါ့ပါးကို ပုတ်စမ်း" ကျီယိမင်က မေးရိုး ပြုတ်ကျလုမတတ် ပြောသည်။
သို့နှင့်ပင် လုံယန်က သူ့ပါးကို ပြင်းပြင်းထန်ထန် ပုတ်လိုက်ရာ နာကျင်မှုက ကျီယိမင်ကို ခုန်တက်သွားစေသည်။
"မင်းကလဲ ညင်သာစမ်းပါကွာ”
လုံယန်၊လန်ယဲ့ရွန် နဲ့ယဲ့မေတို့ က သူ့ကို ချက်ချင်းကြည့်ကာ တညီတညွတ်တည်း မေးလာကြသည်။
“နာလား”
ကျီယိမင်က ဟစ်အော်လိုက်တယ်။ "နာတယ်ကွ!"
ထုန်လုကသာ ဖြစ်ပျက်နေသည့်အရာများကို နားမလည်တာကြောင့် ထိုလေးယောက်ကို အရူးကဲ့သို့ ထူးထူးခြားခြား စိုက်ကြည့်နေလေ၏။
"ဒါဘယ်သူ့ကလေးလဲ သိလား"ရှန်းရှန်းသည် ဇွန်းသေးသေးလေးကို ကိုက်လိုက်ရင်း မျက်တောင်တစ်ချက်ခတ်ကာ "ဟုတ်တယ် ဒီမောင်လေးက သူ့ဖေဖေ မေမေကို အရမ်းလွမ်းနေလောက်တယ်"
လန်ယဲ့ကျင်ပေါက်စလေးဟာ အဲဒီ လူလေးယောက်ကို လုံးဝမမြင်ချင်ပေ။သူက ဇွန်းသေးသေးလေးကိုကိုင်ပြီး ပန်းကန်လုံးသေးသေးလေးထဲက ယာဂုကိုစားနေပုံမှာ သူ့ကိုယ်ပိုင်စီးပွားရေးကိုသာ အာရုံစိုက်နေသကဲ့သို့ပင်။ သူလှုပ်ရှားမှုတိုင်းက မာနကြီးတဲ့ စူပါမီနီ လူကြီးလူကောင်းတစ်ယောက်လို ဖြစ်နေလေရဲ့၊
"သိ.....တယ်...... ကျွန်တော်တို့....သိတယ်!" လုံယန်က စကားထစ်နေသည်။
“ဒါဆို ကောင်းတာပေါ့၊ ဒီကလေးက မနေ့ညကတည်းက ဝုန်းဒိုင်းကြဲနေတာ။ အိမ်မှာ သူ့နဲ့သင့်တော်တဲ့အဝတ်အစားတွေ မရှိလို့ မိန်းကလေးအဝတ်အစားတွေကို ဝတ်ပေးလိုက်ရတာ။ ကျွန်မလည်း ရွေးချယ်စရာ မရှိဘူးလေ။ အဲဒါကို သူ တော်တော် ဒေါသထွက်နေခဲ့တာရယ်”
“ရပါတယ်… ရပါတယ်…” ကျီယိမင်စကားအဆုံးမှာတော့ အေးစက်ပြီး အပြစ်ကင်းစင်ပုံပေါက်တဲ့ မျက်လုံးလေးတစ်စုံက သူ့အပေါ်ကို ကျရောက်လာတာကို သတိပြုလိုက်မိ၏။ သို့နှင့် သူက ထိတ်လန့်သွားရပြီး သူ့စကားတွေကို ချက်ချင်း ပြန်ပြင်ပြောလိုက်သည်။