Chapter 31
ထိုညတွင် ထုန်လုသည် အလွန်ရှည်လျားသော နွေဦးအိပ်မက်တစ်ခုကို ကြာရှည်စွာမက်ခဲ့သည်။ သူမသည် မတ်လေးနဲ့ တဖန်ပြန်ပြီး ထိုကိစ္စပြုနေကြသည်။အမှောင်ညထဲ၌ သူမပင်လျှင် အဆမတန်ကျယ်လောင်လွန်းသည် ညည်းညူးသံနှင့် အသက်ရှုသံကို သဲ"ကွဲ"ကြား ခဲ့ရသည်။
ထို့ကြောင့် သူမမျက်လုံးဖွင့်ဖွင့်ချင်း မောဟိုက်နေကာ ရင်ဘတ်တစ်စုံလုံး စုံချည်ဆန်ချည် မြင့်တက်နေသည်။
သူမရဲ့ နှလုံးခုန်သံတွေ တဒိန်းဒိန်းဆောင့်တက်လျက် ၎င်းဟာ အိပ်မက်တစ်ခုပင် ဖြစ်ရမည်။ သေချာတာကတော့ အိပ်မက်တစ်ခုပင်။သို့သော် သူမလှုပ်လိုက်သည်နှင့် တကိုယ်လုံးကိုင်ပေါက်ခံခဲ့ရသကဲ့သို့ နာကျင်ကိုက်ခဲနေကာ အရိုးတိုင်းက လှုပ်ရှားရန်မှာပင် အလွန်ချိနဲ့နေသည်။
ထိုအခါ ထုန်လုက မယုံသင်္ကာဖြင့် ခေါင်းကို မော့လိုက်ရာ သူမသည် လန်ယဲ့ကျင်း၏လက်မောင်းထက်မှ ခေါင်းတင်လျက်အိပ်နေသည်ကို တွေ့လိုက်ရသည်။
ဒါ့အပြင် သူမကိုယ်တိုင်ဟာလည်း ထိုအမျိုးသား၏ ရင်ခွင်ထဲ၌ ကျကျနနလဲလျောင်းနေခဲ့သည်။ ယခုတွင် သူ၏ ယောက်ျားဟော်မုန်းနံ့သည် သူမတကိုယ်လုံးကို လွှမ်းခြုံထားလျက် ပြီးပြည့်စုံသော နှုတ်ခမ်းပါးသည်လည်း သူမနှင့် အလွန်နီးကပ်နေခဲ့သည်။ သူမသာ အနားနည်းနည်းထပ်ကပ်လိုက်ရင် ပါးလွှာပြီး ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းတွေကို ထိလိုက်နိုင်၏။သူမသည် လုံးဝ ထိတ်လန့်သွားသလို ခံစားလိုက်ရပြီး သူ့ထံမှအကြည့်လွှဲလိုက်သည်။ သူမ၏ ခန္ဓာကိုယ် တောင့်တင်းလာပြီး တင်းတင်းမာမာ အော်ဟစ်ပစ်ချင်နေပြီဖြစ်၏။။
ယခုအချိန်၌ နံနက်မိုးသောက်နေသည့်အချိန်ဖြစ်၍ ကောင်ကင်းတစ်ခွင်လုံး ဖွေးဖွေးလှုပ်နေသည်။
ထိုနည်းတူ ဤအခန်းသည်လည်း တိတ်ဆိတ်ငြိမ်သက်နေကာ အပ်တစ်ချောင်းကျသံပင် ကြားနိုင်လောက်မည်။
ထုန်လုသည် သူ၏ ပွေ့ဖက်မှုမှ ရုန်းထွက်ရန် ဆန္ဒရှိနေသော်လည်း ထိုလူ၏လက်များက သူမ၏ခါးထက်၌ သံမဏိကဲ့သို့ မာကျောစွာ ပွေ့ဖက်ထားဆဲဖြစ်သည်။ သူမ လုံးဝရုန်းမထွက်နိုင်ပေ။