သားရွှေဥ .....3
အပိုင်း-၃
ကျောင်းဆရာလေးကသူ့ရဲ့သတ္တမတန်းကျောင်းသား
တွေကို ဦးအောင်ဇေယျ(ခေါ်၊)အလောင်းဘုရားရဲ့ကုန်းဘောင်ခေတ်အကြောင်းရှင်းပြနေသည်။ကျောင်းမှာဆရာ/ဆရာမ ဦးရေကနည်းတော့တစ်ယောက်ကို၂ဘာသာနှုန်းကိုင်ရသည်။ပြီးတော့၇တန်း
နဲ့၈တန်းကိုတွဲသင်ရပေသည်။ သူကသချာ်နဲ့သမိုင်းဘာသာရပ်သင်ရသည်၊ ဆရာမကြီးဒေါ်သန်းမြင့်က
မြန်မာနဲ့ပထဝီဝင်၊ သိပ္ပံကိုတော့ ဆရာမမူမူ(သူကကျောင်းရဲ့အတွင်းရေးမှူးအလုပ်ပါတွဲလုပ်ရလို့ အမြဲ
မအားတတ်) ၊ အဂ်လိပ်စာကိုတော့အပြင်ကနေ့စားလပေးခန့်ထားတဲ့ ဆရာသန်းလှိုင်ကသင်သည်။
ဆရာ နည်းတော့ရှိတဲ့သူနဲ့ရအောင်သင်ရသည်။ပြီးတော့သူက ပင်ကိုယ်အသံတိုးညှင်းသူမို့ စာသင်တဲ့
အခါပိုပြီးအသံမြှင့်ဖို့အားစိုက်ရသည်။ ခလေးများကဆူညံနေရင်သူ့အသံကလိုက်မဖုံးနိုင်...
အော်ရလွန်းလို့ တစ်ခါတစ်ခါလည်ချောင်းတွေနာပြီး
အသံတွေဝင်ပါသည်။ အဲ့ကြရင်တော့ ခလေးတွေက
ငြိမ်နေကြသည်။
ကြီးကောင်ဝင်လာပြီး သိနားလည်ပေမယ့်ခလေးစိတ်ကမကုန်သေးလို့ ဆိုးနေကြတာပဲဟုသာ မှတ်ယူထား
လိုက်သည်။အတန်းထဲမှာ ထိန်းဖို့ဖိုက်တာနှစ်ယောက်ကိုခေါင်းဆောင်ခန့်ထားရသည်။ မိန်းခလေးခေါင်းဆောင်က အတန်းထဲမှာဘာကြေး၊ညာကြေးကောက်ရတာမျိုး ကိုတာဝန်ယူပြီးငွေကိုင်ရကာ၊
ယောက်ျားလေးခေါင်းဆောင်ကတော့ အမှိုက်ပစ်တာ
ကစပြီး အတန်းထိန်းတာအထိ တာဝန်ယူသည်။
အဲ့တာကြောင့်နည်းနည်းတော်သေးတယ် ဆိုပေမယ့်
အဲ့နှစ်ယောက်ကလည်း မတည့်ပြန်...
" ဆရာ သူတို့ယောက်ျားလေးတွေကလေ...."
ဆိုပြီးအစချီကာ၊ တိုင်လွန်းလို့။ ဟင်းး" တို့ဆရာတော့ အတန်းပိုင်လုပ်ရင်းငယ်ငယ်ရွယ်ရွယ်နဲ့ဆံပင်ဖြူတော့မယ် ဟေ့.."
" ဟုတ်တယ် ဆရာမရယ်၊ ဖြစ်နိုင်ရင်ကျွန်တော်အတန်းမယူချင်ဘူး၊ ဒီအတိုင်းကအချိန်ပြည့်သင်ရ
လည်းဖြစ်ပါတယ်..."" အမလေး ဆရာ့အတန်းသားတွေကလိမ်မာပါသေးတယ်၊ ကျွန်မအခန်းမှာတော့ မော်နီတာကအစပြောမနိုင်ဆိုမနိုင်..."
YOU ARE READING
သားရွှေဥ [Complete]
Romance" အရင်းရှင်ခေတ်လည်းမဟုတ်ပဲနဲ့.." " ဘယ်ခေတ်ဖြစ်ဖြစ် ကြွေးရှင်ကတော့သူလုပ်စရာရှိတာလုပ်မှာပဲ..." " ကျွန်တော့်ကိုဘာလုပ်မှာလဲဗျ..." " ချစ်တီးတွေဆီကြွေးနဲ့သိမ်းခံရရင် ဘာလုပ်တတ်ကြသလဲ..." " ဗျာ...." သူအတည်ကြီးပြောနေတာလား။ " မင်းကကျွန်တော့်ကို.... ကျွန်တော့်က...