သားရွှေဥ .....38
အပိုင်း-၃၈
ကျောင်းဆရာကမနက်လင်းတာနဲ့သူတို့သားအမိစားဖို့သောက်ဖို့ ထွက်ဝယ်ရသည်။ အရင်ကကွက်လုပ်တာကို အခုသူလုပ်ရပေသည်။
" ဘာစားမှာလဲ၊ မုန့်ဟင်းခါးလား ထမင်းကြော်လား"
" သားကမုန့်ဟင်းခါးနဲ့ အီကြာကွေ့ နော်ဖေကြီး..."
" အေးပါကွာ...မင်းအမေကကော.."" ကျုပ်ကထမင်းကြမ်းပဲစားတော့မယ်၊ မေပြုံးကို ပန်းကန်ထဲငပိရည်လေးစမ်းပြီးထည့်ပေးလိုက်လို့..."
ကွက်ကလှမ်းပြောပေမယ့် သူကထွက်သွားပြီး မုန့်ဟင်းခါး၊လက်ဖက်ရည်နဲ့အီကြာကွေ့အကုန်ဝယ်လာခဲ့သည်။
" ဘာလို့အများကြီးဝယ်လာတာလဲ..."
" သနားစရာကောင်းအောင်လုပ်မနေနဲ့...၊ စားစရာရှိတာမစားပဲ ဘာကိုထမင်းကြမ်းလဲ
မင်းဘယ်တုန်းကစားလို့လဲ..."" ဘာလို့မစားရမှာလဲ ၊ ကျုပ်ငယ်ငယ်ကတည်းကနတ်စင်ကစွန့်တဲ့ဟာကော၊ မသာအိမ်ကဟာကောအကုန်စားတယ်..."
" မင်းက အစုံစားသတ္တဝါလား..."
" ဟုတ်တယ် ဘာဖြစ်လဲ..."အီကြာကွေးကိုမုန့်ဟင်းခါးနှစ်စားနေတဲ့သားချစ်လေး
ကနားထောင်ပြီး...
" မေကြီးက အဲ့လိုလျှောက်မစားရဘူးလေ..
မသန့်ရှင်းတာတွေစားရင် ဗိုက်ထဲကနာလို့ အား အား
ဆိုပြီးအော်နေရမှာပေါ့..."" တွေ့လား ခလေးတောင်သိတယ် .."
ပညာရှိသားအဖကပေါင်းပြီးနှိပ်ကွပ်ပြန်သည်။
ဟင်းနော်....." ဒါနဲ့ ကျုပ်ဘယ်တော့ဟိုဘက်အိမ်ပြန်ရမှာလဲ
ဒီအိမ်မှာတစ်ရက်တောင်နေချင်တာမဟုတ်ဘူးနော်"သူခေါ်လာတုန်းကလည်းကွက်ကအကြောက်အကန်
ငြင်းပါသေးသည်။ယောက္ခမအိမ်မှာလုံးဝမနေချင်ဘူးတဲ့...
" မနေချင်လည်းနေအုံး၊အခြေအနေကြည့်လိုက်အုံးမယ်..."
" တော်ကြာခင်ဗျားမရှိတုန်း ခင်ဗျားအမေရောက်လာရင်ကျုပ်နဲ့နပမ်းလုံးနေရအုံးမယ်.."" လာရအောင်နီးနီးလေးမှမဟုတ်တာ...
အစ်ကိုမပါပဲ အမေတစ်ယောက်ထဲဘယ်လိုမှမလာနိုင်ဘူး။ အစ်ကိုကလည်း ငါမရှိတုန်းအချိန်ခေါ်လာပေးမှာမဟုတ်ဘူး...
အိမ်မှာစိတ်ချလက်ချနေ..."
YOU ARE READING
သားရွှေဥ [Complete]
Romance" အရင်းရှင်ခေတ်လည်းမဟုတ်ပဲနဲ့.." " ဘယ်ခေတ်ဖြစ်ဖြစ် ကြွေးရှင်ကတော့သူလုပ်စရာရှိတာလုပ်မှာပဲ..." " ကျွန်တော့်ကိုဘာလုပ်မှာလဲဗျ..." " ချစ်တီးတွေဆီကြွေးနဲ့သိမ်းခံရရင် ဘာလုပ်တတ်ကြသလဲ..." " ဗျာ...." သူအတည်ကြီးပြောနေတာလား။ " မင်းကကျွန်တော့်ကို.... ကျွန်တော့်က...