သားရွှေဥ .....14
အပိုင်း-၁၄
" မေပြုံး ဟိုလူကော..."
" အနောက်မှာ ဟင်းချက်နေတယ်.."
" ဘာ..."
စနေ၊တနဂ်နွေဆိုသိတဲ့အတိုင်း နှစ်လုံးထီနားပြီး၊ ဖဲကလည်း ကြားဝိုင်းလိုက်မရိုက်ပဲမသာအိမ်ရှိမှပဲရိုက်တာ
ဆိုတော့ ကွက်တစ်ယောက်အတော်အားပါသည်။မနက်နိုးတာနဲ့ အပြင်ထွက်လဖက်ရည်ဆိုင်ထိုင်...
အိမ်ကလူကဘယ်တော့မှခေါ်လို့မရပါ၊ သူ့သောက်စေချင်ရင် အိမ်ကိုပါဆယ်ဝယ်ပို့ပေးလိုက်ရတယ်။
ပြီးရင် ကွက်ကရပ်ကွက်ထဲ ဟိုဒီလျှောက်သွားသေးကာ.. ဆယ်နာရီလောက်မှအိမ်ပြန်ရောက်လာတော့
မေပြုံးကအပြင်မှာ ဘုန်းကြီးတွေကျောင်းပြန်တာကို
စောင့်ပြီး ဆွမ်းထွက်လောင်းနေလို့ မေးလိုက်တာဖြစ်သည်။" မောင်မခေါ်ပဲလေးနှပ်စားချင်တယ်တဲ့၊ မေပြုံးကိုမနေ့ကမှာတယ်လေ။
အဲ့တာမေပြုံးဈေးသွားတော့ဝယ်လာပေးတာ...
ဟင်းချိုလည်းမဟုတ်ဘူးဆိုတော့ သူ့အမေကဘယ်လိုချက်မှန်းမေပြုံးမှမသိပဲ...
အဲ့တာနဲ့ သူ့ဟာသူချက်မယ်တဲ့...
အရီး ဆွမ်းသွားလောင်းဆိုလို့..."" တော်တော်ကောင်းကောင်းကမ်းကမ်းဆိုေတာ့တမ်းတနေတာ.. ၊ အညာသားလို့မပြောရဘူးပဲကြိုက်ပုံက.."
" မောင်မခေါ်ပဲ ကအညာသူတွေချက်ရင်ကောင်းတယ်လို့တော့ပြောကြတယ်...
ကောင်းလွန်းလို့ မောင်တောင်ခေါ်မကျွေးချင်တော့လို့
မောင်မခေါ်ပဲ လို့ခေါ်တာတဲ့..."
" စောက်ကျင့်ယုတ်တာပေါ့..."ဟဲ့! ငါ့နှယ်ကွက်ရယ် ပြောလိုက်မှဖြင့်။
၁၂ပွဲဈေးသည်ဆိုပေမယ့် မေပြုံးကလည်းအညာသူမဟုတ်ပါ။အဲ့လူကလေ တကယ်အအားမနေနိုင်တဲ့သူပဲ...
သူ့ကိုလင်တော်ထားတာက ကွက်ဖြစ်ပြီး၊ အားကိုးနေရတာက မေပြုံးပင်။အိမ်မှာမေပြုံးတစ်ယောက်ကိုပဲသူစကားအများဆုံးပြောတာ၊ မီးဖိုချောင်ဆို ကွက်ကစပြီးအိမ်ရှိဘယ်
ယောက်ျားလေးမှမဝင်ဘူး၊ သူပဲကူဝင်လုပ်တာ..အိမ်သာဆေးတာလည်း ငရဲကြီးမယ်မဆေးနဲ့ပြောလည်းမရဘူး၊ သူကအစောဆုံးနိုးတာဆိုတော့ မိုးလင်းတာနဲ့ဆေးပြီးပြီ။
ချီးကလည်း ဘာပါသလဲမမေးနဲ့..
မနက်၊နေ့၊ည တနေ့ကိုသုံးခါလောက်အနည်းဆုံးပါတယ်...
တော်တော်ချီးပါတတ်တဲ့ လူပဲ။
ကွက်ကသူ့ပြောရင်...
" ဘာလဲ ကိုယ့်ဟာကိုယ် ပါတာပဲ၊ မင်းဘာထိခိုက်လို့လဲ....
လူကိုပဲလိုက်ကြည့်ပြီး အပြစ်ပြောနေတာပဲ..."
![](https://img.wattpad.com/cover/355266870-288-k243124.jpg)
YOU ARE READING
သားရွှေဥ [Complete]
Romance" အရင်းရှင်ခေတ်လည်းမဟုတ်ပဲနဲ့.." " ဘယ်ခေတ်ဖြစ်ဖြစ် ကြွေးရှင်ကတော့သူလုပ်စရာရှိတာလုပ်မှာပဲ..." " ကျွန်တော့်ကိုဘာလုပ်မှာလဲဗျ..." " ချစ်တီးတွေဆီကြွေးနဲ့သိမ်းခံရရင် ဘာလုပ်တတ်ကြသလဲ..." " ဗျာ...." သူအတည်ကြီးပြောနေတာလား။ " မင်းကကျွန်တော့်ကို.... ကျွန်တော့်က...