သားရွှေဥ .....29
အပိုင်း-၂၉
ကျောင်းသွားရမယ့်မနက်မှာ သားချစ်လေးကဝီရိယ
ကောင်းစွာနဲ့အစောကြီးထပါသည်။ ၆နာရီကြီးထပြီးရေချိုးမယ်လုပ်လို့..
" နေပါအုံး သားချစ်လေးရယ် အစောကြီးရှိသေးတယ်၊ မေကြီးနဲ့ခဏပြန်ဖက်အိပ်ရအောင်လာ..."" မရဘူးဗျ...ဒီလိုဆိုသားနောက်ကျလိမ့်မယ်လေ
သားနောက်ကျရင် ဆရာမကဆူမှာပေါ့.."
" နောက်မကျပါဘူး၊ ချစ်ထွေးတောင်မထသေးဘူးလေ... ၊ သားကျောင်းက၈နာရီခွဲမှတတ်မှာ..
အခုက၆နာရီ..၂နာရီကျော်တောင်လိုသေးတယ်လေ"" ဒါမယ့်..ဌက်ကလေးတွေကစောစောထရတယ်တဲ့"
သားချစ်လေးကငယ်ငယ်ကတည်းကတကူးကူးစီးရင်း ချိုးဌက်လေးတွေကိုသဘောကြနေတာမို့..
တစ်ခါတစ်ခါ သူ့ကိုယ်သူချိုးဌက်လေးနဲ့နှိုင်းပြောတတ်ပါသည်။" မဟုတ်ပါဘူးသားချစ်လေးရယ်...
စောစောထတဲ့ ဌက်ကလေးတွေဆို ချိုးကြော်ဖြစ်သွားတာပဲ မေကြီးတွေ့ဖူးတယ်...
လာပါ သားချစ်လေးရယ် တစ်နာရီပဲထက်အိပ်လာ၊
တော်ကြာ ကျောင်းမှာအိပ်ငိုက်နေမှ ဆရာမကရိုက်မှာ"
အဲ့တော့မှမအိပ်ချင် အိပ်ချင်နဲ့မအေကိုလာဖက်ထား
တော့သည်။
ဟင်းး ဖအေကိုဒီလောက်တောင်တွေ့ချင်နေတာလား
သူကဘာတွေများဒီလောက်ကောင်းနေလို့လဲ။နံနက်၇နာရီထဲကရေထချိုးသည်။ အရင်ကကိုယ်တိုင်သာဖြစ်သလိုနေပြီး မျက်နှာသစ်ရင်တောင်အကျီကိုမ ပြီးရေသုပ်တတ်၍ ကျောင်းဆရာမြင်တာနဲ့...
" ရေသုတ်သဘတ်ကဘယ်ရောက်သွားလို့လဲ..၊
တကယ်ညစ်စုတ်တယ်ကွာ၊မင်းရဲ့ကိုယ်စောင့်နတ်ကတော့ မင်းကိုနေ့တိုင်းကျိန်ဆဲမှာပဲ..."
" ဆဲ ဆဲ ပေါ့ ကျုပ်မကြားရင်ပြီးတာပဲ ..."ကိုယ်တိုင်ဒီလိုနေခဲ့ပေမယ့် သူ့သားကိုကြတော့ထိုင်ပြီး ကျောက်ပျဉ်နဲ့သနပ်ခါးအမြစ်တုံးကိုသွေးကာ
ညီနေအောင်လူးပေးပါသည်။
" မေကြီး သားကိုရုပ်ဆိုးအောင်မလူးပေးနဲ့နော်"
" စကားမများပါနဲ့...အကောင်းနဲ့လုပ်ပေးနေတာကို
အပြစ်ပြောပြန်ပြီ..."တကယ် ဖအေနဲ့တူတာမို့ အသဲတွေကိုယားလာပြီနော်။
ဝယ်လာတဲ့ကျောင်းစိမ်းအကျီလေးတွေမှာ လည်ပင်းမှာဖဲပြားပါရင်ပါ၊ မပါရင်ကြောင်လျာသီးပြားလေး
တွေပါသည်။
" ဘာဝတ်မှာလဲ ပြော..."
" ဒီဟာ...ဒီဟာ..."
ဖဲပြားစိမ်းလေးပါသောအကျီကိုရွေး၍၊ ဘောင်းဘီရှည်နဲ့ ရင်ဘတ်မှာလက်ကိုင်ပုဝါလေးကိုချိတ်နဲ့တွယ်
ပေးထားရသည်။
" အရမ်းဆွဲလိုက်ရင် ဒီချိတ်ပြုတ်ပြီး သားမျက်လုံးကို
ထိုးမိမယ်နော်၊ သတိထားအုံး.."
" ဟုတ်ကဲ့..."
![](https://img.wattpad.com/cover/355266870-288-k243124.jpg)
YOU ARE READING
သားရွှေဥ [Complete]
Romance" အရင်းရှင်ခေတ်လည်းမဟုတ်ပဲနဲ့.." " ဘယ်ခေတ်ဖြစ်ဖြစ် ကြွေးရှင်ကတော့သူလုပ်စရာရှိတာလုပ်မှာပဲ..." " ကျွန်တော့်ကိုဘာလုပ်မှာလဲဗျ..." " ချစ်တီးတွေဆီကြွေးနဲ့သိမ်းခံရရင် ဘာလုပ်တတ်ကြသလဲ..." " ဗျာ...." သူအတည်ကြီးပြောနေတာလား။ " မင်းကကျွန်တော့်ကို.... ကျွန်တော့်က...