Chapter 22 Uni&Zaw

9K 421 20
                                    

သားရွှေဥ .....22

                       အပိုင်း-၂၂

ရွှေဇီးကွက်ရဲ့ သားချော့တေးမှာတော့...
" ကွက်သားလေးရဲ့ အိပ်ချိန်တန်၊ ဗျိုင်းကြီးရှေ့ကပျံ
ကွက်သားလေးရဲ့ အိပ်ချင်မူး၊ဗျိုင်းကြီးမျက်လုံးပြူး
မပြူးပါနဲ့ရွှေဗျိုင်းရယ် သားသားအိပ်တော့မယ်
အိပ်ပါပြီဗျာ အိပ်ပြီဗျာ၊ သားသားအိပ်တော့မှာ
အိပ်ပါပြီပေါ့ အိပ်ပြီပေါ့ သားသားအိပ်ပြီပေါ့..."

ဘာပဲပြောပြောသူဒီလိုဆိုပြီးပုခက်ကိုတုပ်သိပ်တာနဲ့
သားကအိပ်ပါတယ်။ သူ့အဖေဆိုရင်သာတစ်ပုဒ်နဲ့မအိပ် နှစ်ပုဒ်နဲ့မအိပ်ပဲ ဗိုလ်ကျချင်တာ။

" မင်းကပုခက်ကိုဒီလိုလွှဲနေမှတော့ မူးပြီးအိပ်သွားတာနေမှာပေါ့..."
" ‌ခလေးတွေက များများအိပ်သင့်တယ်လို့ခင်ဗျားပဲ
ပြောတာမှတ်လား၊ အမျိုးမျိုးနဲ့..."

ပင်ကိုယ်ဗီဇအရ ကွက်ကစိတ်မြန်လက်မြန်ရှိပြီး၊ ကျောင်းဆရာမှာစိတ်ရှည်လက်ရှည်ရှိသူမို့ ခလေးဒုက္ခကို သူပိုခံရသည်။

မြေလတ်ဒေသရဲ့နွေရာသီ အပူချိန်ဟာခလေးနဲ့မပြောနဲ့လူကြီးတောင် မနည်းသည်းခံရသည်။
သေးသေးလေးက ပူလို့ညညဆိုမအိပ်တော့ ထိုင်ပြီး‌
ကျောကိုပွတ်၍ယပ်တောင်ဖြေးဖြေးချင်းခပ်ပေးရသည်။

ဇိမ်ယူသလားတော့မမေးနဲ့....
ကွက်လည်းမနေနိုင်တော့၊ သားကိုနို့အတင်းတိုက်၍
" ကဲ အိပ်တော့အိပ်တော့၊ ကြာရင်နင့်အဖေလဲတော့မယ်.. နဂိုကတည်းက ပျော့ပါတယ်ဆိုမှ"

ခလေးငယ်တွေကအသက်၆လလောက်ရှိရင်..အသံ
ထွက်အောင်စကာလုံးတချို့ကိုပြောတတ်ပြီတဲ့..
ဥပမာ ဘဘ ၊ မမ ဆိုတာမျိုးပေါ့။ ပြီး‌တော့သူတို့နာမည်ကိုခေါ်ရင်လည်းနားလည်ပြီတဲ့။

ဒါပေမယ့်သူတို့သားလေးကတော့ငိုတာကလွဲရင်ကျန်တာမတတ်သေးပါဘူး။ သူ့နာမည်ခေါ်ရင်လည်းမသိသေးလို့ သူ့မှာကြိတ်ပြီးစိတ်ပူနေရသည်။
သားအမေကိုလည်းမပြောရဲဘူး၊ သိတယ်မှတ်လားဗျာရွှေဇီးကွက်ဆိုတာ ရပ်ကွက်ရဲ့မောင်းပဲလေ။

အရင်ကတသက်လုံး‌အတူ‌ နေလာတဲ့လမ်းထဲကလူတွေပင်သူ့ရဲ့အမှုအကျင့်ဘယ်လိုရှိမှန်းဘယ်သူမှမသိကြ၊ ‌ရွှေဇီးကွက်နဲ့ညားမှာပဲအားလုံးသိကုန်တော့တာ‌ လေ။
အတွင်းစကားအပြင်ထုတ်တဲ့နေရာမှာတော့နှစ်ယောက်မရှိဘူး။ဒါတောင်မိန်းမမဆန်ပေလို့ပဲ..

သားရွှေဥ [Complete]Where stories live. Discover now