သားရွှေဥ .....9
အပိုင်း-၉
ရွှေဇီးကွက်ကအိမ်ထဲပြန်ဝင်သွားမှသာ သူ့အမေကိုလည်းအိမ်ထဲပြန်ခေါ်လို့ရသည်။
" အိမ်ထဲဝင်ပါတော့အမေရယ်၊ လမ်းထဲကလူတွေထွက်ကြည့်နေကြပြီ.."
သူ့ကအမေ့လက်မောင်းကိုလှမ်းတွဲသောအခါ...
" ငါ့ကိုလာမထိနဲ့...."သူ့အမေကသူ့ကိုအရမ်းဒေါသထွက်နေပြီး၊ မျက်ထောင့်နီကြီးနဲ့ကြည့်ကာ...
" နင် ဘာလို့အဲ့ဒီ့ကောင်မကို တစ်ခွန်းမှပြန်မပြောရတာလဲ ဟမ်..."
" ဒီလောက်အရပ်ထဲမှာမိန်းမ တွေအများကြီးရှိတာ
တောင်အဲ့ဒီ့ဘောပြားမဆီမှာဘာမှိုင်းတွေမိထားတာလို့... အာစေးကပ်နေရတာလဲ..."" နင်အဲ့ဒီ့ကောင်မနဲ့ညားနေတာမှတ်လား..."
" ••• "
သူဘာမှမဖြေပဲ မျက်နှာလွှဲပြီးအံတင်းကြိတ်ထားလေ
သူ့အမေက ပိုတိုးပြီးစွတ်စွဲလေဖြစ်သည်။" အမလေး...ငါ့မှာတော့ငါ့သားလေးတော်လှချည်ရဲ့၊ အေးလှချည်ရဲ့ဆိုပြီးဂုဏ်ယူလိုက်ရတာ...
ဒင်းကတော့မိဘကိုလှည့်စားပြီး အ-တ်ကြောင်နေတဲ့
ကောင်.."
ဟာ!
" လုပ်တဲ့အလုပ်ကကျောင်းဆရာ ဖြစ်ပြီး..ချဲဒိုင်မနဲ့
နှစ်ပါးသွားနေတာ အရပ်ထဲဟိုးလေးတကျော်ကျော်
ဖြစ်မှ ဒီအမေကပြန်သိရတယ်။
နင်မရှက်ပေမယ့် ငါရှက်တယ် ငါရှက်တယ် ဟဲ့
ရောင်နီဦး...အမလေး ဝမ်းရေစပ်လိုက်တာနော်၊ သားနှစ်ယောက်
မွေးထားပါတယ် ကြီးတော့အားမဖြစ်ဘူး ကျားတွေ
ချည်းပဲ...
နင်က ပိုဆိုးတယ်၊ ပျော့ပျော့လေးနဲ့နံတဲ့ကြောင်ချေးကောင်..."" ငါတို့ကပိုက်ဆံမချမ်းသာပေမယ့် သိက္ခာတော့ချမ်းသာတယ်၊ နင်ကတော့ ဘာသိက္ခာမှမရှိတဲ့အကောင်..
သွားစမ်း နင့်မျက်နှာကိုငါမမြင်ချင်တော့ဘူး..."ဟင်! ထင်မှတ်မထားတဲ့စကားကြောင့် သူအံ့ဩသွား
ရပြီး..
" အမေ... ကျွန်တော့်ကိုနှင်ထုတ်တော့ ကျွန်တော်ကဘယ်သွားနေရမှာလဲ..."" နင့်မှာအားကိုးစရာမယားရှိတယ် မှတ်လား ၊နင့်မယားအိမ်သွားတတ်နေလေ....
ဒီအတိုင်းလည်းသွားပြီးခိုးစားနေကြမှတ်လား...
စောက်ရှက်မရှိတဲ့အကောင်.."
YOU ARE READING
သားရွှေဥ [Complete]
Romance" အရင်းရှင်ခေတ်လည်းမဟုတ်ပဲနဲ့.." " ဘယ်ခေတ်ဖြစ်ဖြစ် ကြွေးရှင်ကတော့သူလုပ်စရာရှိတာလုပ်မှာပဲ..." " ကျွန်တော့်ကိုဘာလုပ်မှာလဲဗျ..." " ချစ်တီးတွေဆီကြွေးနဲ့သိမ်းခံရရင် ဘာလုပ်တတ်ကြသလဲ..." " ဗျာ...." သူအတည်ကြီးပြောနေတာလား။ " မင်းကကျွန်တော့်ကို.... ကျွန်တော့်က...