သားရွှေဥ .....41 ( Ending Episode)
အပိုင်း-၄၁(ဇတ်သိမ်းပိုင်း)
ပုံမှန်ဆိုအငြိမ်တစ်ချက်မှမနေတဲ့ရွှေဇီးကွက်က သူ့မိဘတွေအကြောင်းသိပြီး ကတည်းကငြိမ်ပြီးတော့ငိုင်နေပါသည်။
ရေစက်ကြမ္မာကပါလာပြန်တော့ သူ့ရဲ့ငယ်ဘဝကိုတစက်လေးမှမမှတ်မိတာတောင်..ဟိုဟိုဒီဒီလျှောက်သွားနေခဲ့ပြီးမှ ဒီမကွေးမြို့မှာအခြေချမိတယ်။
မိဘတွေနေခဲ့တဲ့နေရာကိုပြန်ရောက်လာပြီး ဒီနယ်သားနဲ့ပဲဖူးစာဖက်ရပြန်တယ်။
ရေစက် ရေစက် အံ့ဩဖို့ကောင်းလှတဲ့ရှေးရေစက်တွေကြောင့်ပဲလို့ထင်မိသည်။ညအိပ်ကြတော့ မိသားစု၃ယောက်ကအတန်းလိုက်..
ကွက်ဗိုက်ကြီးကတည်းက ကျောင်းဆရာကအလယ်မှာတရားဝင်အိပ်ရတော့သည်။" ငါ့သားကအအိပ်ကြမ်းတော့ မင်းအမေဗိုက်ကိုကန်မိမှာဆိုးလို့.."
သားချစ်ကတော့ အဖေအမေနဲ့ခွဲမအိပ်ရရင်ပြီးကော
ဘယ်လိုအိပ်ရရ...တကယ့်ခလေး။
ကျောင်းဆရာမှာလည်း သူတို့သားအမိရဲ့အလယ်မှာအိပ်ရတာတကယ်မသက်သာပါဘူး။သားအမိနှစ်ယောက်ကအအိပ်ခပ်ကြမ်းကြမ်း..လူကိုဖက်လိုက်ခွလိုက်နဲ့ သူ့မှာတစ်ညလုံးဒဏ်ခံရတာ
ခါးကနာချင်သလို၊ တစ်ခါတစ်လေမတော်နေရာကို
လာကန်မိရင်လည်း..လူကမျက်ဖြူတောင်ဆိုက်ချင်
သွားတယ်။" မင်းလည်း ငါနဲ့ညားလို့သာပဲ..မဟုတ်ရင်မင်းတို့သားအမိအကျင့်နဲ့တခြားယောက်ျားသာဆို လွယ်မှာမဟုတ်ဘူး.."
ဟုသူပြောဖူးသည်။
" အဲ့တာကြောင့်ကျုပ်က ခင်ဗျားကိုပဲ အရယူတာလေ..."
တကယ် တစ်ခွန်းမှလည်းငြိမ်ခံတယ်လို့မရှိခဲ့။ဒီနေ့တော့ သူ့ရဲ့မျောက်မလေးက မျက်နှာမလန်းသလိုနဲ့ငြိမ်၍လှဲနေပါသည်။
အိပ်ခါနီးခြင်ထောင်ချပြီး ဗိုက်လှိမ့်ရင်သက်သာအောင်ဘေးမှာခေါင်းအုံးအပိုတွေချပေးထားလိုက်ပြီး
မှသူလည်းဝင်လှဲအိပ်သည်။" မင်း ဘာဖြစ်နေတာလဲ..."
" ဘာဖြစ်လို့လဲ..."
" ပုံမှန်ဆိုမျောက်ကျလွန်းလို့ အော်နေရတာကို ဒီလို
ငြိမ်နေတော့ထူးဆန်းတာပေါ့...
နေမကောင်းလို့လား မှန်း..."
နှဖူးသွားစမ်းကြည့်တော့ ...ကွက်ကသူ့လက်ကိုတွန်းပြီး၊
" ကျုပ်ဘာမှမဖြစ်ပါဘူး ကိုယ့်ဟာကိုယ်အိပ်ပါ
ခါတိုင်း ငါအိပ်ချင်ပြီ အိပ်ချင်ပြီနဲ့ အော်နေပြီးတော့များ..."
YOU ARE READING
သားရွှေဥ [Complete]
Romance" အရင်းရှင်ခေတ်လည်းမဟုတ်ပဲနဲ့.." " ဘယ်ခေတ်ဖြစ်ဖြစ် ကြွေးရှင်ကတော့သူလုပ်စရာရှိတာလုပ်မှာပဲ..." " ကျွန်တော့်ကိုဘာလုပ်မှာလဲဗျ..." " ချစ်တီးတွေဆီကြွေးနဲ့သိမ်းခံရရင် ဘာလုပ်တတ်ကြသလဲ..." " ဗျာ...." သူအတည်ကြီးပြောနေတာလား။ " မင်းကကျွန်တော့်ကို.... ကျွန်တော့်က...