Chapter 26 Uni&Zaw

7.3K 383 37
                                    

သားရွှေဥ .....26

                       အပိုင်း-၂၆

ကျောင်းဆရာကတ‌နေ့လုံးအကြာကြီးအိပ်နေတတ်တယ်၊ နိုးလည်းခဏပဲ ကုတင်ပေါ်မှာဒီအတိုင်းမလှုပ်မယှက်နဲ့လှဲနေတာ...
အိမ်သားတွေကစကားပြောရင်‌တောင် သူခေါင်းနောက်လာမှာဆိုးလို့ဆိုပြီးသူနာပြုတွေကလူနာနားကိုသိပ်မကပ်ခိုင်း...၊ လိုအပ်တာရှိရင် လာလုပ်ပေးဖို့ခေါ်တယ်။
ကျန်တဲ့အချိန် ခပ်လှမ်းလှမ်းကပဲစောင့်ကြည့်ခိုင်းသည်။
အစိုးရဝန်ထမ်းကျောင်းဆရာတစ်ယောက်ဖြစ်ပြီး၊ရန်ပွဲကိုဖြန်ဖျေရင်းနဲ့ဖြစ်တာ ဟုသိထားတာကြောင့်
ပုံမှန်လူနာတွေထက်ပိုအလေးပေးဆက်ဆံတာဟုထင်သည်။
ကွက် ဆေးရုံတတ်တုန်းကနဲ့လားလားမှမဆိုင်ပေ။

‌ဆေးရုံပေါ်မှာဆိုတော့ ကွက်ကဇနီးမယားဆိုပေမယ့်လူနာကိုပြုစုပေးဖို့ကတော့ သူ့အစ်ကိုကပိုပြီးသင့်တော်နေသည်။ ပြီးတော့ သူတို့နဲ့ကွက်ကလည်း
လုံးဝအစေးကပ်တာမဟုတ်...
ဒါကြောင့် ဒီနေ့ညတော့ကွက်အိမ်ကိုသာပြန်ခဲ့လိုက်သည်။
သားလေးကိုလည်းစိတ်မချဘူးလေ၊ ဉာဏ်ကောင်းတဲ့ခလေးဆိုတော့ သိရင်ငိုနေရှာမှာ။

ကွက်အိမ်ပြန်ရောက်တော့ညနက်နေပြီ၊ ပုံမှန်ဆိုဒီအတိုင်းသားချစ်လေးကအိပ်‌ပါပြီ။ သူ့အဖေကပုံမှန်
အိပ်ချိန်ကိုအကျင့်လုပ်ပေးထားတာမို့ စောစောအိပ်တတ်သည်။
ကွက်အပေါ်ကိုတိတ်တိတ် ကလေးတတ်သွားတော့
မေပြုံးနဲ့သားချစ်လေးက ခြင်ထောင်ထဲမှာအိပ်နေကြ
ပြီ။

မေပြုံးကတကယ်မအိပ်ပျော်သေးတော့ ကွက်ကိုမြင်
တာနဲ့အသာလေးထလာခဲ့သည်။
အခန်းပြင်ကိုတိတ်တိတ်ထွက်လာကြပြီး..
" ရောင်နီ ဘယ်လိုနေသေးလဲ..."
" သူသက်သာလာပါပြီမေပြုံး...ဒါပေမယ့်..."

ကွက်က သူ့အခြေအနေကိုပြောပြလိုက်တော့..မေပြုံး
တစ်ယောက်အသံကျယ်ကျယ်ပါးစပ်ကိုလက်ဝါးနဲ့ပိတ်၍ အံ့အားသင့်နေခဲ့သည်။
" ဖြစ်မှဖြစ်ရလေကွယ် .."

" သားချစ်လေးကော၊သူ့အဖေအကြောင်းမေးနေ‌သေးလား..."
" အမလေး မေးတာပေါ့၊ တစ်နေလုံး ဖအေဆီသွားမယ်လို့အော်နေရှာတာ..."
" ထမင်းကောကျွေးပြီးပြီလား..."
" ကျွေးပြီးပါပြီ၊ မနည်းချော့ကျွေးရတာပေါ့..."

သားရွှေဥ [Complete]Where stories live. Discover now