Chapter 11 uni& zaw

9.1K 505 54
                                    

သားရွှေဥ .....11

                       အပိုင်း-၁၁

ကျောင်းဆရာက သူဒီအိမ်မှာနေရင်စာကောရေးလို့ရပါ့မလား၊တွေးပူနေသည်။ သူ့အတွက်သီးသန့်အခန်း
ကလည်းရှိသည်မဟုတ်တော့ သူထိုင်ရေးနေရင်ရွှေဇီးကွက်ကမြင်မှာပဲ.. တော်ကြာစာရေးတယ်လို့များပြောမိရင်‌အလှောင်ခံရမလားမသိပါ။

ပြီးတော့အိပ်ခန်းက ၁၅ပေပတ်လည်ခန့်ကျယ်သော်လည်းကုတင်နဲ့အဝတ်ဘီဒိုကအတော်နေရာယူထားတာမို့.. သူ့အတွက်စာရေးစားပွဲနဲ့ထိုင်ခုံထည့်စရာနေရာရှိပါ့မလားကြည့်ရသည်။
အိမ်ကယူလာသောအဝတ်အစားတွေကို ဗီဒိုထဲသွား
မထည့်ချင်၍ ခရီးဆောင်အိတ်နဲ့ထည့်ထားသည့်အတိုင်း အခန်းထောင့်မှာပဲ၊ အောက်ကြမ်းကဖုန်များ
ကိုလှည်းကျင်း၍‌နေရာချလိုက်သည်။
ပြီးရင် အိမ်မှာကျန်ခဲ့တဲ့သူ့စာအုပ်တွေလည်းသွားယူရအုံးမယ်။

သူတစ်ယောက်ထဲအလုပ်များနေစဉ် ရွှေဇီးကွက်တစ်ယောက်ကအိမ်ပြန်ရောက်လာပြီး...
" မေပြုံး ဟင်းကျက်ပြီလား..."
" ကျက်ပါပြီတော်၊ ခုပဲမီးဖိုကအိုးချတယ်.."
" အင်း စားတော့မယ်..."

ဆိုပြီးအပေါ်သို့တတ်လာပြန်ကာ၊ သူ့ကိုမြင်တော့အခန်းဝက‌ေနလက်ပိုက်ရပ်ကြည့်ပြီး..
" ကိုကျောင်းဆရာ ထမင်းစားမယ်၊ အခန်းထဲမှာဘာဝင်လုပ်နေတာလဲ..."

ကွက်ကဒီအတိုင်းမေးလိုက်တာကိုသူကကွက်ကိုမျက်လုံးစိမ်းများနဲ့လှမ်းကြည့်ပြီး..
" ဘာမှမလုပ်ဘူး၊ အိမ်ကယူလာတဲ့ပစ္စည်းတချို့နေရာချနေတာ... ၊
ဒါနဲ့မရွှေဇီးကွက်...ဒီအခန်းထဲမှာပိုက်ဆံနဲ့တန်ဖိုးရှိတဲ့
ပစ္စည်းတွေရှိရင်အခုတစ်ခါထဲ တခြားမှာရွှေ့သိမ်းထားလိုက်ပါလား.."

" ဘာလို့လဲ..."
" ကျွန်တော်ကအားနေရင်လျှောက်မသွားတတ်ဘူးဗျ၊
စာရေး၊စာဖတ်တာဝါသနာပါတယ်.. ဒီမှာကျွန်တော်သွားနေစရာတခြားအခန်းလည်းမရှိဘူးမှတ်လား...

နောက်မှ မယုံသက်ာအဖြစ်မခံနိုင်လို့ပါ..."

" ခင်ဗျားကိုဘယ်သူကမယုံသက်ာဖြစ်နေလို့လဲ.."
" မရှိဆင်းရဲသားဆိုတော့ တခြားအထင်မခံနိုင်ဘူးပေါ့ ...၊ ကျွန်‌တော်ကမင်းထက်အခန်းထဲနေတာများ
နိုင်တော့ ..."

သားရွှေဥ [Complete]Where stories live. Discover now