သားရွှေဥ .....2
အပိုင်း-၂
ရွှေဇီးကွက်ကဆောင့်ဆောင့်အောင့်အောင့်နဲ့အိမ်ထဲပြန်ဝင်လာပြီး ရေခပ်သောက်သည်။ဒေါ်ပြုံးတစ်ယောက်ကတော့နာမည်နဲ့လိုက်အောင်မပြုံးနိုင်ပဲ ရင်တမမနဲ့သူ့ကိုကြည့်နေကာ...
" ကွက်ရယ် စိတ်ဆိုးရင်တောင် ဒီလိုရိုက်လားပုတ်လားတော့မလုပ်ပါနဲ့...""ဒီငမူးကိုစကားနဲ့ရှင်းလို့ရမယ်ထင်နေလား၊ ဒါကြောင့်တွယ်ပစ်လိုက်တာပေါ့...."
" ဒီနှစ်တစ်လက်မထုတ်ကြီးနဲ့ရိုက်တော့ တော်ကြာသေသွားရင်ဘယ်နှယ့်လုပ်မတုန်း..."" ကြောက်တတ်ရန်ကောဗျာ...
မေပြုံးကဒီပုံစံနဲ့ဘယ်လိုများဆယ့်နှစ်ပွဲဈေးသည်ဖြစ်လာလည်းစဉ်းစားမရဘူး၊
အဲ့တာကြောင့် အဘနဲ့ညားတာဖြစ်မယ်..."" အမလေး ဒင်းကြောင့်သာဆယ့်နှစ်ပွဲဈေးသည်ဖြစ်လာတာပါနော်၊ ပြီးတော့ဆယ်နှစ့်ပွဲဈေးသည်တိုင်းကလည်းမစွာပါဘူးအေ..."
" ကွက်ကကြစွာတယ်ပေါ့..."" မပြောတော့ဘူး မပြောတော့ဘူး..."
" မပြောနဲ့ မဟုတ်ရင်ဒေါသတွေ မေပြုံးဘက်လှည့်သွားမယ်..."
" အမလေးနော်..."
" အော်လိုက်ရတာဗိုက်တောင်ဆာလာသလိုပဲ
ထမင်းစားမယ်..."" ရမယ် ရမယ်၊ ဒီမှာလက်ဆေးပြီးစောင့်နေချေ..."
ဒေါ်ပြုံးတစ်ယောက်သူ့ရဲ့ပိန်ပါးပါးခန္တာကိုယ်နဲ့လှစ်ခနဲထပြီး ရွှေဇီးကွက်အတွက်ထမင်းဟင်းများခူး
လာပေးသည်။
အိမ်နောက်ဖက်ခန်းမှာသစ်စားပွဲခုံဝိုင်းကြီးရှိသော်လည်းသွားထိုင်မစား၊ အိမ်ရှေ့ခန်းကအံဆွဲပါတဲ့
လေးထောင့်စားပွဲနဲ့၊ ထိုင်ခုံမှာဒူးထောင်ပြီးထိုင်နေကာ
ဇလုံထဲထည့်လာပေးသောထမင်းဟင်းများကိုတစ်ခါ
ထဲနယ်ပစ်လိုက်ပြီးမှ..တို့စရာသခွားသီးကိုအလုံးလိုက်တဂျွမ်းဂျွမ်းနဲ့ကိုက်ရင်း စားပါသည်။နှစ်လုံးထီရောင်းရင်လည်း ဒီခုံမှာပဲ ဒီလိုထိုင်ပြီးရောင်းတာပဲမို့ ဒီခုံကကွက်ရဲ့မူပိုင်ဖြစ်ပြီးတခြားဘယ်သူမှဝင်မထိုင်ရဲပါ။
သူထမင်းစားနေတုန်း အိမ်ထဲကိုဆယ်နှစ်အရွယ်ကောင်လေးတစ်ယောက်ကပေပေရေရေနဲ့ဝင်လာတာ
ကိုမြင်လျှင်..
" ဟဲ့ ချစ်ထွေး နင်ဘယ်တွေသွားဆော့နေတာလဲ.."
" ဟီး ဟိုဘက်ရပ်ကွက်ကကောင်တွေနဲ့ဗျ..."
YOU ARE READING
သားရွှေဥ [Complete]
Romance" အရင်းရှင်ခေတ်လည်းမဟုတ်ပဲနဲ့.." " ဘယ်ခေတ်ဖြစ်ဖြစ် ကြွေးရှင်ကတော့သူလုပ်စရာရှိတာလုပ်မှာပဲ..." " ကျွန်တော့်ကိုဘာလုပ်မှာလဲဗျ..." " ချစ်တီးတွေဆီကြွေးနဲ့သိမ်းခံရရင် ဘာလုပ်တတ်ကြသလဲ..." " ဗျာ...." သူအတည်ကြီးပြောနေတာလား။ " မင်းကကျွန်တော့်ကို.... ကျွန်တော့်က...