သားရွှေဥ .....37
အပိုင်း-၃၇
သူကလက်ဆွဲပြီးခေါ်လာတော့ကွက်ကပေကပ်ကပ်နဲ့
လိုက်လာပါသည်။
" မင်းခေါင်းကသဘတ်ကြီးကိုဖယ်လိုက်စမ်းပါ
ဒီလောက်အေးတာလည်းမဟုတ်ပဲ..."
" အေးလို့ပတ်ထားတာမဟုတ်ဘူး၊ ကျုပ်ကိုလူမြင်မှာ
ဆိုးလို့..."" အခုဖြုတ်လိုက်တော့ရပြီ၊ အဲ့လိုသွားနေမှထူးဆန်းပြီးလိုက်ကြည့်ကြမှ..."
" ပြီးရော..."
ကွက်ကပြောပြောဆိုဆိုဆွဲဖြုတ်ပြီး လက်ကဒီအတိုင်းကိုင်လာသောအခါ..
" ခွေးမျက်စိနောက်လို့ကိုက်ခံရအုံးမယ် ဒီကိုပေး..."သူကလှမ်းယူပြီးခေါက်လိုက်၍ ဂျိုင်းကြားညှပ်ကာ၊
ကွက်ကိုလက်ကတစ်ဖက်ဆွဲ၍...
သူ့ပုံစံကမှ ပိုရယ်ချင်စရာကောင်းနေတာကိုသူမသိ။" ထမင်းစားပြီးပြီလား..."
" ဘာကိုစားရအုံးမှာလဲ..."
" သူများအိမ်ကိုညဘက်သွားတာဆိုတော့ စားသောက်ပြီးမှပဲသွားရအောင်၊ နေအုံး ဒီနားမှာထမင်းဆိုင်တွေရှိပါတယ် .."သူပြောတဲ့ထမင်းဆိုင်ရောက်ဖို့ပင်မိနစ်၂၀ခန့်လမ်းလျှောက်ရသည်။ဘထ္ထရီမီးနဲ့ထွန်းရောင်းနေသောထမင်းဆိုင်လေးရဲ့ ခုံရှည်မှာဝင်ထိုင်လိုက်ပြီး..
လင်မယားနှစ်ယောက်ထမင်းမှာစားကြသည်။
စားနေရင်းနဲ့ကွက်ကသူ့ကိုကြည့်ပြီး..
" ခင်ဗျားတကယ်မှတ်မိပြီလား..."
" မမှတ်မိရင် ဒီနေရာတွေကိုဘယ်လိုလုပ်သိမှာလဲ"" ဒီလောက်အမေ့ကောင်းနေပြီးမှ ရုတ်တရက်ကြီးဘယ်လိုမှတ်မိသွားတာလဲ..."
ကျောင်းဆရာကချက်ချင်းအဖြေမပေးပဲ ဓာတ်ဘူးထဲကရေနွေးကြမ်းကိုလှမ်းငှဲ့နေပြီးမှ...
" မင်းကြောင့်...."
ဟင်!အကြမ်းပန်ကန်လုံးထဲက နှုတ်ခမ်းနဲ့တဖူးဖူးမှုတ်နေခဲ့
ပြီးမှ..ကွက်ဆီထိုးပေးပြီး
" မင်းကြောင့် မေ့သွားပြီး မင်းကြောင့်ပဲပြန်မှတ်မိလာတာလေ။
ကဲပါ မြန်မြန်စား...၊ ဒီက နည်းနည်းဆက်သွားပြီးရင်အနှေးယာဉ်ဌားလို့ရတယ်..."" ဘယ်ကိုသွားမှာလဲလို့..."
" ရောက်ရင် သိလိမ့်မယ်ဆို.."
" ဒါနဲ့ ခင်ဗျားအစ်ကိုကဘာလို့
ရုတ်တရက်ကြီး သဘောကောင်းပြီးလိုက်ပို့တာလဲ"

YOU ARE READING
သားရွှေဥ [Complete]
Romance" အရင်းရှင်ခေတ်လည်းမဟုတ်ပဲနဲ့.." " ဘယ်ခေတ်ဖြစ်ဖြစ် ကြွေးရှင်ကတော့သူလုပ်စရာရှိတာလုပ်မှာပဲ..." " ကျွန်တော့်ကိုဘာလုပ်မှာလဲဗျ..." " ချစ်တီးတွေဆီကြွေးနဲ့သိမ်းခံရရင် ဘာလုပ်တတ်ကြသလဲ..." " ဗျာ...." သူအတည်ကြီးပြောနေတာလား။ " မင်းကကျွန်တော့်ကို.... ကျွန်တော့်က...