Chapter 23 Uni&Zaw

12.7K 513 16
                                        

သားရွှေဥ .....23

အပိုင်း-၂၃

သူကရထားစီးရတာကိုကြိုက်သည်၊ သူတို့ငယ်ငယ်ကဆိုင်ကယ်တွေမရှိ၊ကားရှိလူတန်းစားကအတော်နည်းသည်။ သွားသွားလာလာဆိုလှည်း၊ဆိုက်ကား၊စက်ဘီးနဲ့ ဝေးဝေးလံလံသွားပါက ရထားသာအဓိကထားစီးရသည်။
ကျောင်းအားရက်များမှာ အဖိုးနဲ့သူက ရထားစီးပြီးမြို့ပတ်ရင်းသွားလာတတ်သည်။ ရထားပေါ်နဲ့ဘူတာ
တွေမှာအော်ဟစ်ရောင်းသောမုန့်များကိုဝယ်စားသည် ။
(ဒီနေ့ခေတ်လိုမျိုး ဘယ်သူကမှရထားထွက်ခါနီးမှအပုတ်အသိုးများကိုဂျင်းထည့်မရောင်းပါ)
သန့်သန့်ရှင်းရှင်းစားရသည်။

ပုခက်လွှဲသလိုမျိုးတအိအိသွားနေတဲ့ရထားပေါ်မှာ
ဟိုဒီငေးရင်းလိုက်စီးရတဲ့အရသာကိုသူသဘောကြသည်။ သူသဘောကြခဲ့သလို အခုသူ့သားကလည်းသဘောကြနေချေပြီ။
သားကိုအီးပါ၊သေးပေါက် ပြောဆိုတတ်သောအရွယ်ကတည်းကစပြီး အဝတ်ပိုများထည့်ကာသူခေါ်သွားတတ်သည်။

သားအမေကရထားမစီးချင်၍ သူမခေါ်တတ်။
အကယ်၍ ခေါ်လာပါကလည်း သူသွားသောနေရာ၊သူလုပ်သောအလုပ်များကိုနှစ်သက်မည့်သူမဟုတ်။
သားအမေနဲ့သူက အကျင့်စရိုက်ခြင်းမတူသလို၊လောကအပေါ်သိမြင်ခံစားပုံလည်းကွာခြားသည်။
သူက အနုပညာကိုနှစ်သက်ပြီး ကဗျာဆန်တာကိုကြိုက်သည်၊ သားအမေကတော့ ဖဲချပ်တွေကိုနှစ်သက်ပြီး ပိုက်ဆံကိုကြိုက်သည်။

အခုလိုမျိုး ဧရာဝတီမြစ်သောင်ယံမှာဆောင်းခိုလာတဲ့
ဟသ်ာဌက်တွေကို အဝေးမှမျှော်ကြည့်ဖို့ ခေါ်လာမိပါက...
ခင်ဗျားကြီးက အလုပ်မရှိ၊-ဥသန်းရှာတယ်တို့/
အားအားယားယားနိူင်တယ်တို့သာ အပြောခံရမှာသေချာသည်။

ဒီတော့သူနဲ့ဝါသနာတူလောက်တဲ့ သူ့သားကိုသာအဖော်ပြုရပေသည်။

" ဖေကြီး...ဟိုမှာနှက်တွေ..."
" အဲ့တာက ဇင်ယော်ဌက်တွေသားရဲ့..."

သားနဲ့အတူ ဟသ်ာကြည့်ဖို့နေရာကောင်းကိုသွားရောက်သည်။
" ဟိုမှာကြည့်သား အဲ့တာ ဟသ်ာလို့ခေါ်တယ်..."

(ဟင်္သာ (အင်္ဂလိပ်: Ruddy shelduck)ကို မြန်မာနိုင်ငံ၌ မြင်ဖူးသူ နည်းကောင်း နည်းမည်ဖြစ်သော်လည်း ကြားဖူးသူကား များပေသည်။ ဟင်္သာသည် အလျား ၂၅ လက်မခန့်ရှိသည်။ အတောင်တွင် အနက်ပြောက်ကလေးများနှင့် အဖြူ ကွက်များရှိရာ ယင်းတို့ကို နားနေချိန်၌ မမြင်နိုင်၊ ပျံသောအခါတွင်မှ မြင်နိုင်လေသည်။ ဟင်္သာငှက်မတွင် လည်ပင်း၌ အမည်းရစ် မရှိချေ။ ဟင်္သာငှက် ကလေးများသည် ဟင်္သာငှက်မနှင့်တူကြသော်လည်း အရောင်မှာ ပို၍ ခြောက်ကြသည်။ ယင်းတို့၏ ကျောဘက်တွင် အညို ရောင်နှင့်နီညိုရောင်ဖျော့ဖျော့အရောင်များ လှိုင်းကလေး များသဖွယ် ဖြစ်နေသည်ကို တွေ့ရသည်။ အမြီးတွင်လည်း အစဉ်းကြောင်းကလေး ရှိသည့်အပြင် အနားဘက်တွင် နီညို ရောင်ရှိသည်ကိုပါ တွေ့ရ လေသည်။ ဟင်္သာငှက်၏အသံမှာ သာယာတတ်ပြီးလျှင် လွတ်လွတ် လပ်လပ်လည်း အော်မြည်တတ်သည်။ ဟင်္သာဖို၏ အသံနှင့် အမ၏အသံများကို ခွဲခြား၍ သိနိုင်သည်ဟု ဆိုသည်။ သန့်ရှင်းသည့် သဲသောင်ပြင်များကို ဟင်္သာများ ကြိုက် နှစ်သက်ကြ၏။
ပထမစ၍ ရောက်သောအခါ အုပ်များနှင့် ရောက်လာသော်လည်း ဆောင်းဥတုအတွက် နေထိုင်ရန် နေရာများကို ရွေးချယ်ပြီးသည် နှင့်တပြိုင်နက် စုံတွဲလိုက်သာ နေထိုင်ကြလေသည်။

သားရွှေဥ [Complete]Where stories live. Discover now