Chapter 40

17K 602 38
                                        

သားရွှေဥ .....40

                       အပိုင်း-၄၀

"ယောက္ခမနဲ့ ချွေးမ ဆိုတာ ကျားနဲ့သမင်ဘဝက‌နေလာတာတဲ့။ သမင်မွေးရင်း ကျားစားရင်း ဆိုတဲ့စကားပုံကိုသိတယ်မှတ်လား...
သမင်မက ခလေးမွေးတော့ ကျားကအမြဲလာလာစားတယ်။ဘယ်လိုပဲပုန်းပြီးနေနေကျားကသိပြီး လာလာစားတာကြောင့်..နောက်ဆုံးမှာသမင်မလည်းဒဏ်ရာ
ရပြီးသေပွဲဝင်ရတယ်။
သမင်မကမသေခင်မှာ အငြိုးတကြီးနဲ့ဆုတောင်းတယ်၊ နောင်ဘဝဆက်တိုင်းမှာ ကျားမထက်အင်အားကြီးပြီး..ကျားမမွေးတဲ့ခလေးကိုပြန်စားရပါစေတဲ့။

သမင်မဘဝကသေပြီးတော့ ဘီလူးမဖြစ်လာသတဲ့။
ကျားမကလည်းနောက်ဘဝမှာ လူအမျိုးသမီးဖြစ်ပြီး
အိမ်ထောင်ပြုသားမွေးတဲ့အခါ...ဘီလူးမကသူ့ခလေးကိုပြန်စားခွင့်ရသတဲ့။

အဲ့လိုနဲ့သူတစ်ပြန် ငါတစ်ပြန်ဆုတောင်းပြီးစားလာလိုက်တာ...နောက်ဆုံးဘဝမှာတော့ ယောက္ခမနဲ့ချွေးမဖြစ်လာကြသတဲ့...
ညည်းတို့လိုပေါ့...."

" ဟာ ခင်စိန်ကြီးကလည်းအကောင်းမှတ်လို့နားထောင်နေတာ..."

" မဟုတ်လို့လားအေ...ကျုပ်တို့အရပ်မှာတော့ သမီးယောက္ခမ မတည့်တဲ့အိမ်ဆိုဒီလိုပြောကြတာပဲ.."
အင်း ဒီလိုဆိုမှခင်စိန်ကြီးကလည်း မကွေးသူစစ်စစ်မှမဟုတ်ပေပဲ။

တစ်ရွာ ဂါထာတစ်ပုဒ်ဆန်းဆိုသလိုပေါ့။ဒီလိုခပ်ဆင်ဆင်ဇတ်လမ်းမျိုးနဲ့ အညာမှာတော့ ပုန်းမကြည်..
ပုန်းကြည်မနတ်ဆိုပြီးရှိသေးတယ်လေ။

ပုန်းကြည်မဆိုတာ အမှန်တော့ဘီလူးမပါ။
အခုလိုကောက်ကြီးသိမ်းပြီးချိန် တပေါင်းလဆန်းဆို
ပုန်းမကြည်နတ်တင်ပွဲရှိတယ်။
မုန့်ဆီကြော်တို့ ငါးကြော်တို့နဲ့တင်တာလေ။
ပုန်းမကြည် ရှင်မက စပါး၊ပဲ၊နှမ်း၊ဝါ စတဲ့အပင်တွေကို များများရအောင် ကူညီစောင့်ရှောက်တဲ့
နတ်ဆိုပြီးလည်း ယူဆကြပါတယ်။

ပုန်းမကြည်ဇတ်လမ်းကလည်း ကျားနဲ့သမင်ဘဝကလာတာပဲ။
ဒီဇတ်လမ်းထဲမှာတော့ ဘီလူးမကအကျွတ်တရားရသွားပြီး ခလေးကိုမစားတော့လို့ ကျေးဇူးတင်တဲ့အနေနဲ့လယ်သူမက ယာဂုကျိုပြီးဘီလူးမစားဖို့ပို့ပေးတယ်တဲ့။
ဘီလူးမကလည်း လယ်သူမရဲ့ယာခင်းတွေကို‌ပြန်စောင့်ရှောက်ပေးတယ်တဲ့။
ဒီလိုနဲ့ လယ်သူမယာကအထွက်တိုးလာတော့...ဘေးလူတွေကပါဘီလူးမကို ပူဇော်ပသပြီး၊သူတို့ယာကိုပါစောင့်ရှောက်ခိုင်းကြသတဲ့။

သားရွှေဥ [Complete]Where stories live. Discover now