သားရွှေဥ .....16
အပိုင်း-၁၆
လက်ညိုးနဲ့လက်မမှာ ရွှေလက်စွပ်ကြီးနှစ်ကွင်းတစ်ဝင်းဝင်းနဲ့ဖြစ်နေသောကွက်အား ခင်စိန်ကြီးမှစနောက်၍...
" ဘယ်နှယ့်ညည်းလက်ကနှစ်ကွင်းတောင်ပါလား..."စလည်းစချင်စရာ လက်ခလယ်မှာတစ်ကွင်းထဲဝတ်ရင်တောင်ကြွား နေတဲ့အုတ်ပုံလက်စွပ်ကြီးကို ရွှေဇီးကွက်ကလက်ညိုးနဲ့လက်မမှာ မထော်မနန်းဝတ်ထားရှာတာကိုး...
ဒီလက်စွပ်ရဲ့ရာဇဝင်ကလည်း ကျောင်းဆရာကိုစိတ်ဆိုးပြီး ဖဲသွားရိုက်တာ အဲ့ညကသောက်သောက်
လဲနိုင်ပါသည်။ ကုန်ပါစေဆိုပြီးရိုက်ကာမှငွေကပွားလာတော့...ကွက်ကနေတော့သာဖြစ်သလိုပေမယ့် ရွှေကြကြိုက်သည်။ ရွှေဆွဲကြိုးဆိုရင်အပြားထူထူကြီးကြီးမှ..၊ယောက်ျားဝတ်ဟန်းချိန်းကြိုးတို့ ဒါမျိုးတောဂေါ်လီဟန်ဝတ်ရတာကိုကြိုက်သည်။
ဒါပေမယ့် ရွှေမဝယ်ရတာကြာပါပြီ၊ခြံကိုဒေါ်အုန်းကြီးခင်ကြီးမှာကော်မရှင်ခတွေနဲ့အရစ်ကြစုဝယ်လိုက်ပြီး၊ အိမ်ကိုလည်း ငွေရလိုက်ဆောက်လိုက်နဲ့မို့..အိမ်ပြီးတော့လက်ထဲငွေမရှိပေ။ကွက်ကအရင်ကတည်းက အဖေတူသမီးမို့ရရသုံးသုံး
သမား ငွေစုတာဝါသနာမပါ၊ ရှိရင်စား၊သုံး၊ရိုက်..လက်ထဲထားချင်တာမဟုတ်ဘူး။
ဒေါ်အုန်းခင်ကြီးက စုဘူးလုပ်ပေးလို့သာ၊ အင်း အဲ့အဖွားကြီးကိုဒီအချက်တော့ကျေးဇူးတင်ရမယ်။အိမ်ဝယ်ပြီးတော့လည်း လူလိုသူလိုနေရအောင်လိုတာဝယ်ဖြည့်ရသေးတယ်။
နောက်တော့ပိုက်ဆံလက်ထဲ အလုံးအရင်းဖြစ်လာတော့၊ အစန်းကလာပြောတာနဲ့ကျောင်းဆရာကိုချေးပေးလိုက်လို့..အခုလိုလင်တစ်ယောက်အဖတ်တင်သွားတာပဲ။
ကျုပ် ချေးပေးတုန်းကတော့စေတနာနဲ့ပါနော်။အခုလည်းဖဲဝိုင်းမှာမကုန်ပဲ ပွားလာတော့ ရွှေရည်ပြည့်လက်စွပ်နှစ်ကွင်းသွားလုပ်လာလိုက်တာ..၊
ရွှေဆိုတာ ရှိတန်ဆာ၊မရှိဖဲအရင်းပဲ...
ပေါင်သုံးရောင်းသုံးလို့ရတဲ့ပစ္စည်းမို့အရှုံးမရှိ။ဒါပေမယ့် အဲ့လူကကြီးကျယ်လို့အမြင်ကပ်ပြီးမပေးသေးတာပင်...
YOU ARE READING
သားရွှေဥ [Complete]
Romance" အရင်းရှင်ခေတ်လည်းမဟုတ်ပဲနဲ့.." " ဘယ်ခေတ်ဖြစ်ဖြစ် ကြွေးရှင်ကတော့သူလုပ်စရာရှိတာလုပ်မှာပဲ..." " ကျွန်တော့်ကိုဘာလုပ်မှာလဲဗျ..." " ချစ်တီးတွေဆီကြွေးနဲ့သိမ်းခံရရင် ဘာလုပ်တတ်ကြသလဲ..." " ဗျာ...." သူအတည်ကြီးပြောနေတာလား။ " မင်းကကျွန်တော့်ကို.... ကျွန်တော့်က...