အပိုင်း ၃၁ အဆက်
ဒီနေ့က ချဲကော၊နှစ်လုံးကောထွက်သဖြင့်ကွက်သိပ်မအားပေ။ သူ့သားလေးအိမ်ကိုငိုပြီးပြန်လာတာကိုသူမသိလိုက်..
ညနေစောင်းအားလုံးရှင်းပြီးကာမှ...
" သားချစ်လေးကော...ကွက်သားလေးကဘာလို့
အောက်တောင်ဆင်းမလာတာလဲ.."
ခါတိုင်းကျောင်းကပြန်လာရင်လည်းတရေးအိပ်တတ်
သေးလို့ ကွက်ကသူ့သားလေးအိပ်နေတာဟုထင်ပြီး
အပေါ်တတ်လာ၍..
" သားချစ်လေး မိုးတောင်ချုပ်တော့မယ်လေ ထတော့...ထမင်းစားရမယ်လေ.."
သားချစ်လေးမှာကုတင်ပေါ်မှာခြင်ထောင်ချ၍ ခြင်ထောင်ထဲမှာငိုပြီးအိပ်နေတာဖြစ်သည်။
" သားချစ်လေး ဟင် မေ့သားလေးငိုထားတာလား"
ကွက်ကမထူလိုက်တော့မျက်ရည်စီးကြောင်းတွေကို
တွေ့ပြီးမေးတော့သည်။
" ဘာဖြစ်လို့လဲလို့ မေကြီးကိုပြောစမ်းပါ..."
အဟင့်...ဟင့်...ခလေးကတော်တော်နဲ့မပြောနိုင်ပဲရှိုက်ငိုနေပြီးမှ...
" မေကြီး သားကျောင်းမသွားတော့ဘူး...
ဖေကြီးကသားကိုမချစ်တော့ဘူး၊ သားကိုမုန်းနေပြီ
သားကို ခလေးဆိုးတဲ့...အီး ဟီး..."
" ဘာ ဘာပြောတယ်...အဲ့လူကအဲ့လိုပြောတာလား"
" ဖေကြီးက ဆရာမလှလှနဲ့ယူတော့မှာလို့ လိပ်ပုမက
ပြောတယ်..သားအဲ့ဆရာမကို မုန်းလို့တွန်းလိုက်တာ"
သူ့သားကငိုပြီးပြောနေတော့ ဇတ်ရည်မလည်၍
ချစ်ထွေးကိုခေါ်ပြီးမေးရသည်။
" ကျွန်တော်လည်းသေချာမသိဘူး ကွက်ရီး..
သားချစ်ကဆရာမကို တွန်းလို့ ဆရာကဆူလိုက်တာထင်တယ်..."
ကွက်လည်း သားကလုပ်တာဆိုတော့အစကသည်းခံ
လိုက်ပေမယ့်၊ နွားရိုင်းသွင်းချိန်ရောက်တာနဲ့ခလေးကကိုယ်တွေနွေးလာလို့ ဒေါသထွက်လာရသည်။
ငါ့သားက အဲ့လိုလုပ်တာဆိုရင် ၊ အဲ့လိုဖြစ်အောင်လုပ်တဲ့လူတွေကအပြစ်ပဲ...
" မေပြုံး...ခလေးကိုခဏကြည့်ထားပါ..."
" ဟယ် ကွက် ဘယ် ဘယ်လဲ..."
" ခဏပဲ ..."
ကွက်ကဆိုင်ကယ်ကိုမောင်းလာရင်း...
ငါ့သားကို စိတ်အနာပေးတာကို ငါထက်ညည်းမခံနိုင်တော့ဘူး။
YOU ARE READING
သားရွှေဥ [Complete]
Romance" အရင်းရှင်ခေတ်လည်းမဟုတ်ပဲနဲ့.." " ဘယ်ခေတ်ဖြစ်ဖြစ် ကြွေးရှင်ကတော့သူလုပ်စရာရှိတာလုပ်မှာပဲ..." " ကျွန်တော့်ကိုဘာလုပ်မှာလဲဗျ..." " ချစ်တီးတွေဆီကြွေးနဲ့သိမ်းခံရရင် ဘာလုပ်တတ်ကြသလဲ..." " ဗျာ...." သူအတည်ကြီးပြောနေတာလား။ " မင်းကကျွန်တော့်ကို.... ကျွန်တော့်က...
![သားရွှေဥ [Complete]](https://img.wattpad.com/cover/355266870-64-k731187.jpg)