သားရွှေဥ .....10
အပိုင်း-၁၀
အညာနွေနဲ့ပူလောင်အိုက်စပ်လှတဲ့ညတစ်ညမို့ အိပ်၍
ပျော်တဝက်မပျော်တဝက်ရှိနေခဲ့သည်။ရွှေဇီးကွက်ဆို
တာလည်း အိပ်ယာထဲမှာလွန့်လူးနေကာ၊ တစ်ချက်တစ်ချက်သူ့လက်များကသူ့ကျောပြင်ကိုဘတ်ခနဲလာ
ရိုက်မိသေးသည်။
သူ့မှာ ရွှေဇီးကွက်ဘက်ကိုလှည့်ပင်မလှည့်၊ ပက်လက်
ပင်မအိပ်ရဲကာ တစ်ချိန်လုံးကိုယ်လုံးတစောင်းအနေအထားနဲ့အိပ်ပျော်အောင်ကြိုးစားရသည်။
အိမ်မှာဆိုရင်စွပ်ကျယ်တစ်ထည်နဲ့အိပ်လို့ရသည်၊ အခုတော့ရှပ်အကျီကိုမချွတ်ရဲ...အိပ်မပျော်ခင်က ပြတင်းပေါက်နားပဲသွားရပ်နေရင်ကောင်းမလားဟုစဉ်းစားပေမယ့်၊ မီးကဖျက်ခနဲပျက်
သွားတော့ ...သူများအိမ်မှာညဘက်ကြီးလမ်းထလျှောက်လို့မကောင်း၊တော်ကြာနေသူခိုး ဟုအထင်ခံ
ရနိုင်၍ငြိမ်နေရပြန်ကာ..ရပ်ကွက်ကင်းတဲဆီမှ သံချောင်း၂ချက်ခေါက်တဲ့အထိပင်။အဲ့ဒီ့မှနောက်ဘယ်လိုအိပ်ပျော်သွားမှန်းမသိကာ၊သူလန့်နိုးလာချိန်မှာတော့ပြတင်းပေါက်ကနေအလင်းရောင်ကောင်းကောင်းရနေပြီမို့.. ၆နာရီဝန်းကျင်လောက်ဖြစ်မည်။ သူခါတိုင်းထက်အိပ်ယာထအနည်းငယ်နောက်ကျသွားသည်။
ထပြီးကုတင် ပေါ်ကဆင်းတော့ကုတင်ခြေရင်းမှာမတ်တပ်ပန်ကာကတဟူးဟူးလှည်နေပါသည်။
ဒီအခန်းထဲကိုတော့ဘယ်သူမှဝင်လာမှာမဟုတ်နိုင်၊
ရွှေဇီးကွက်ပဲထဖွင့်တာနေမှာပါ။သူပြန်လှည့်ကြည့်တော့ ရွှေဇီးကွက်တစ်ယောက်ကုတင်ပေါ်မှာ ခြေလက်ကားယားနဲ့အိပ်မောကျနေဆဲဖြစ်သည်။
" မိန်းခလေးတွေက အဲ့လိုအိပ်ကျလို့လား.."အရင်ဘဝကယောက်ျား/မိန်းမဖြစ်ခဲ့ပြီး..ဘဝကူးပြီးနောက်ချက်ချင်းလူပြန်ဝင်စားတာဆိုရင် ဘဝဟောင်းကအစွဲတွေကိုမဖြတ်နိုင်လို့..ယောက်ျားစိတ်နဲ့မိန်းမကိုယ်၊ မိန်းမစိတ်နဲ့ယောက်ျားကိုယ်ဖြစ်ကြတယ်လို့ ဆရာတော်ဟောတာကြားဖူးသည်။
တရစပ်ထဲတွေးမိသည်မှာ.. အရင်ဘဝကသူ့ကျွေးမဆပ်နိုင်ရင် နောက်ဘဝသူ့အိမ်မှာနွားဖြစ်ရသတဲ့...

YOU ARE READING
သားရွှေဥ [Complete]
Romance" အရင်းရှင်ခေတ်လည်းမဟုတ်ပဲနဲ့.." " ဘယ်ခေတ်ဖြစ်ဖြစ် ကြွေးရှင်ကတော့သူလုပ်စရာရှိတာလုပ်မှာပဲ..." " ကျွန်တော့်ကိုဘာလုပ်မှာလဲဗျ..." " ချစ်တီးတွေဆီကြွေးနဲ့သိမ်းခံရရင် ဘာလုပ်တတ်ကြသလဲ..." " ဗျာ...." သူအတည်ကြီးပြောနေတာလား။ " မင်းကကျွန်တော့်ကို.... ကျွန်တော့်က...