Chapter 5 uni& zaw

7K 307 4
                                    

သားရွှေဥ .....5

                       အပိုင်း-၅

အဖေကအရင်ကတည်းကအသည်းခြောက်‌ နေတာကိုအမေကဗမာဆေးနဲ့ကုပေးနေတာ ကြာပါပြီ။အခုမှအရေးပေါ်ဆေးရုံတင်ပြီး အသည်းကိုစစ်တော့၊ဆေးမြှီးတိုနဲ့ကုတယ်ဆိုလို့ဆရာဝန်တွေကဆူသည်။
ဆရာဝန်ကြီးလာကြည့်တော့ အဖေ့အသည်းကအလုပ်သိပ်မလုပ်နိုင်တော့လို့ အစားထိုးကုသရမယ်ဟုဆိုသည်။

"အစားထိုးကုရမယ်ဟုတ်လား၊ ဘယ်မှာလဲ အလှူရှင်
၊ ဘယ်မှာလဲပိုက်ဆံ..."
" ကျွန်တော်နဲ့အဖေက သွေးအုပ်စုတူတယ်ဆိုတော့
ကျွန်တော် လှူလို့ရမယ်ထင်တယ်.."

" ဘာ.. မင်းကလှူမယ်ဟုတ်လား
ငါသဘောမတူဘူး၊ အကောင်းအတိုင်းရှိနေတဲ့ငါ့သား
အသည်းကိုဘယ်လိုလုပ်ခွဲထုတ်ခိုင်းရမှာလဲ..."

" ဒါဆို ဘယ်သူကကော ကိုယ့်အသည်းကိုထုတ်လှူမှာ
တုန်းအမေရဲ့... အပြင်ကအလှုရှင်ရဖို့ကလည်းအရမ်းခက်တာလေ.."

" ဒါပေမယ့် မင်းဆီကတော့ခွဲမပေးနိုင်ပါဘူး။
နောက်ပိုင်းမင်းပါ မမာရင်ဒီအမေကဘယ်လိုလုပ်မလဲ"
" အသည်းက အသားတတ်တာမြန်ပါတယ်...
တစ်လနဲ့အကောင်းအတိုင်းပြန်ဖြစ်တယ်.."

" အို ဘာဖြစ်ဖြစ် မင်း‌ဆီကတော့မဖြစ်ဘူး.."

အမေကငိုယိုသည်...
" ငါပြောတယ်မှတ်လား အခုလိုဖြစ်မယ့်အစားသေသွားတာပိုကောင်းပါတယ်လို့...
တော်တော်ဒုက္ခပေးတဲ့လူကြီး..."

" အမေကလည်း စိတ်မလျှော့ပါနဲ့ဗျာ...
ကျွန်တော်တို့ရပ်ကွက်ထဲက ကို××လေဗျာ၊ သူ့ဆိုအားလုံးကမရတော့ဘူးတောင်မှတ်တာလေ။
သူ့အစ်မတွေကဆေးကု‌ ပေးလိုက်တာ၊ အခု ပြန်ကောင်း‌လို့ သူ့မိန်းမနဲ့တောင်ပြန်ပေါင်းနေတယ်ဗျ..
အဖေလည်း သက်သာသွားမှာပါ..."

" နင့်အဖေက လူငယ်လေးလား၊ အရက်နာကျနေတာ
ဘယ်လောက်တောင်ကြာပြီလဲ..
ဘာမှမလုပ်နိုင်မကိုင်နိုင်နဲ့.. အို တကယ်ဘုရားစူးနေတာ...

ဒီမှာ‌ငါလိုက်မေးပြီးပြီ ခွဲစိတ်ရမယ်ဆိုဆေးကုစရိတ်ကတော်ယုံမဟုတ်ဘူး။
ဘယ်လောက်ကုန်ကျမလဲ‌ တောင်မသိသေးဘူး.."

" ကျွန်တော်ကြည့်လုပ်ပါ့မယ်ဆို၊ အဖေ့ရှေ့မှာသိပ်မပြောပါနဲ့..၊ လူနာကပိုဆိုးသွားလိမ့်မယ်.."

သားရွှေဥ [Complete]Where stories live. Discover now