Chapter 20Uni &Zaw

10.2K 429 24
                                    

သားရွှေဥ .....20

                       အပိုင်း-၂၀

ည၁၀နာရီကျော်ဆိုတော့မွေးပေးကြတဲ့ဆရာဝန်နဲ့သူနာပြုတွေကိုလည်းအားနာစရာကောင်းပါရဲ့...
တနေ့ကိုဘယ်နှဗိုက်လောက်များမွေးပေးရလို့လဲမသိလုပ်ပုံကိုင်ပုံတွေကစက်ရုပ်တွေအလားပင်..

ကွက်ကိုမွေးပေးနေတုန်းရှိသေးတယ်၊ဘေးမှာနောက်တစ်ဗိုက်ကလှိမ့်နာနေပြီ။
တချို့သူနာပြုကြီးတွေကြအပေါက်ဆိုးသည်
" မမွေးသေးဘူး၊ ဆက်နာလိုက်အုံး..."
" အားတိုင်းမွေးတွေ နော်..."
ဆိုတာကတစ်မျိုး၊
နိူ့ သူတို့မကွေးမြို့ကြီးကိုလည်းလူစည်အောင်လုပ်ပေးရသေးတယ်။

ကွက်လည်းခလေးထွက်ပြီးကတည်းက ပက်လက်ကနေဘာမှမလုပ်နိုင်ပါ၊ သူတို့လုပ်သမျှကိုမျက်လုံးကလယ်လယ်နဲ့လိုက်ကြည့်နေရတော့သည်။
ကွက်မွေးတာကယောက်ျားလေးတဲ့...

ပေါင်ချိန်တော့ ၃ပေါင်နဲ့၉အောင်စ လို့လှမ်းပြောတယ်။ တကယ့်သေးသေးလေးပါ။
ပြီးတော့ ကွက်ကိုလည်းဆူပါတယ်၊ ဗိုက်နဲ့ကိုလွတ်လပ်ရေးနေ့မှာထွက်ကမြင်းရမလားတဲ့...

ကျောင်းဆရာကိုလည်းစိတ်တိုတာအရမ်းပဲ..
ဒါကိုမဖြစ်မနေပြောစရာလား၊

‌ဒါပေမယ့် ကျောင်းဆရာကအားခြင်းဆေးရုံပို့ဖို့လုပ်ပေးလို့သာ ကွက်ဒီလိုရှောရှောရှူရှူမွေးနိုင်တာပါ။
ကွက်ဟာကွက်ဆို အိမ်မှာပဲမွေးချပစ်လိုက်ရင် ခလေး
ကဘယ်လိုဖြစ်မလဲမသိ‌ပေ။

ခလေးကိုအညှီအချွဲများသုတ်ပေးပြီးနောက်ပတ်စရာ
အနှီးတောင်ပါမလာလို့ ၊ ဟိုနာနေသောဗိုက်အမေဆီ
ကဌားပတ်ပေးရသည်။
" ပြန်ပေးမယ်နော်..."

ကွက်ကိုသွေးပေါင်ချိန်ဘာညာတိုင်းပြီး၊ သတိလည်း
ကောင်းတယ်၊လူလည်းအခြေအနေကောင်းတာနဲ့မွေး
ခန်းထဲကထုတ်ပြီး မွေးလူနာဆောင်ကိုရွေ့သည်။

ညပိုင်းဖြစ်နေတာကြောင့် မွေးလူနာဆောင်ထဲယောက်ျားတွေဝင်လို့မရသဖြင့်.. ကျောင်းဆရာတို့ကကော်ရစ်တာမှာပဲစောင့်နေရပြီး၊ သူ့သားကိုလည်းခဏပဲလှမ်းတွေ့လိုက်ရသည်။

အိမ်မှာကွက်ကမွေးချတော့မလိုဖြစ်နေတာနဲ့..ဒရော
သောပါးထွက်လာရတော့ ပိုက်ဆံကလွဲရင်ဘာမှသယ်မလာနိုင်။
ဆေးရုံတတ်ဖို့ ဘာပစ္စည်းမှပါမလာတော့ ဒီတစ်ညတာအဆင်ပြေအောင် အောက်ဆင်းပြီးရှိတာရှာဝယ်ပြီးပို့ပေးရသည်။

သားရွှေဥ [Complete]Where stories live. Discover now