Chapter 13 uni& zaw

8.8K 372 25
                                    

သားရွှေဥ .....13

အပိုင်း-၁၃

ကျောင်းဆင်းတော့ကျောင်းသားတွေအကုန်ပြန်ပြီးမှ၊
သူလည်းဆရာသန်းလှိုင်နဲ့အတူစကားပြောရင်း စက်ဘီးကိုတွန်း၍ကျောင်းထဲကနေထွက်လာခဲ့သည်။

" ကိုယ့်လူ လဖက်ရည်သောက်ရအောင်.."
ဆိုလို့လဖက်ရည်ဆိုင်ကိုသွားကြသည်။
ဆရာနဲ့သူ လက်ဖက်ရည်ဆိုင်မထိုင်ဖြစ်တာလည်းကြာပြီကိုး...၊ လက်ဖက်ရည်မှာထားတုန်း
" မစန်းကိုတောင် ကျွန်တော်ကျေးဇူးတင်စကားသေချာမပြောရသေးဘူးဗျာ..."

" သူကလည်း ခင်ဗျားအကြောင်းအမြဲမေးသား.."
" အားနာလိုက်တာဗျာ၊ ကျွန်တော်ကဆရာတို့အိမ်ကိုတစ်ခေါက်လာခဲ့သင့်တာ...
ဟိုကိစ္စလေ၊ အဲ့တာလည်းမစန်းကိုစိတ်မပူတော့ဖို့ပြောပေးပါနော်..."

" မပူပါဘူး.. ၊ ခင်ဗျားတို့ တောင်လင်မယားပဲဖြစ်နေပြီဟာ...
လင်မယားဆိုတာဒီလိုပဲ တစ်ဘဝလုံးအပြန်အလှန်အကြွေးတင်ရင်းနေကြတာပဲ..."

ဟင်! ဒါဆိုဆရာတို့လင်မယားကသူ့့အခြေအနေကို သိနေကြတယ်ပေါ့...၊ သူလည်းရှက်ရှက်နဲ့ခေါင်းငုံ့ပြီး

" အဲ့လိုပဲဖြစ်မယ်ထင်တယ်..."
ဟုတိုးညှင်းစွာပြောလိုက်သည်။

" ဘာမှအများကြီး မစဉ်းစားနဲ့ကိုယ့်လူ..
လူ့ဘဝကြီးက ကိုယ်ဖြစ်တဲ့အတိုင်းတော့ဘယ်ဖြစ်မလဲ၊ ဖြစ်ရင် ကျုပ်လည်းနဝရတ်လေးနဲ့ညားနေပြီပေါ့ဗျာ...
အဲ့တော့ ဖြစ်လာတဲ့ဘဝမှာပျော်အောင်သာနေလိုက်၊

ဒါနဲ့.. ကိုယ့်လူကအထက်တန်းပြီးတာနဲ့ပညာရေးတတ်ပြီး ကျောင်းဆရာဖြစ်တယ်၊ အပေါင်းအသင်းလည်းမလိုက်စားတော့ သင်ပြပြောပြမယ့်လူလည်းမရှိလောက်ဘူး။
ခင်ဗျား ဟိုဒင်းအဝှာကိစ္စတွေကောအဆင်ပြေရဲ့လား"

လက်ဖက်ရည်ဆိုင်ကြီးမှာဆိုတော့သူ့ခမျာရှက်ပြီး ကြက်သီးမွှေးညှင်းများထကာ...
" ဆရာကလည်းဗျာ..."

" ဒါရှက်စရာမှမဟုတ်ပဲကိုယ့်လူရာ..
အိမ်း ...
ရှက်စရာမဟုတ်တာကိုရှက်စရာလို့ထင်နေတာဒုက္ခပဲ
... ၊ အရင်ကကျုပ်ဦးလေးတစ်‌ယောက်လည်းခင်ဗျားလိုပဲ..
လူပျိုကြီးလုပ်နေရာကနေ မိဘတွေကမကြည့်ရက်လို့
မိန်းမရှာပြီးပေးစားလိုက်တော့ ..သူကဘာမှမလုပ်တတ်ဘူးလေ။ သူများကိုလည်းမမေးဘူး၊ ဒါနဲ့ညားပြီးတော်တော်ကြာအထိမဘာတော့သူ့မိန်းမက ငိုယိုပြီး ယောက္ခမကိုတိုင်ပါလေကောဗျာ...
သူ့ကိုမချစ်ဘူး၊ အေးတိအေးစက်နဲ့ဆက်ဆံတယ်ဆိုပြီးဝမ်းနည်းတာပေါ့။

သားရွှေဥ [Complete]Where stories live. Discover now