Chapter 33 Uni&zaw

9.6K 490 35
                                    

သားရွှေဥ .....33

                       အပိုင်း-၃၃

ကျောင်းဆရာမှာသူ့ခြံဘက်ကိုဝင်ရာမှာ သော့လည်းပါမလာသဖြင့် ဆိုင်ကယ်တူးဘောက်ကိုဖွင့်ပြီး ဂွထုတ်ကာ သော့ကိုရိုက်ဖျက်ပြီးခပ်တည်တည်နဲ့‌ပင် ဝင်လာခဲ့တော့သည်။ အိမ်လည်းထိုနည်းတူ...

အိမ်မှာခြောက်လကျော်ခုနှစ်လလောက်ပစ်ထားခဲ့တာကြောင့် ၊နဂိုအိမ်ဟောင်းလည်းဖြစ်တော့ဝင်လိုက်
တာနဲ့ ပင့်ကူအိမ်နဲ့ကြပ်ခိုးများကိုတို့လို့တွဲလောင်းတွေ့ရသည်။
တစ်အိမ်လုံးကိုအရင်ဆုံးဝင်ကြည့်ပြီးတာနဲ့ အချိန်မဆွဲတော့ပဲ.. ရှပ်အကျီဖြူကိုချွတ်ထားလိုက်ပြီး
အိမ်ကိုနေလို့ရအောင်သန့်ရှင်းရေးစလုပ်ပါသည်။

အိမ်ပြောင်းတယ်ဆို‌ပေမယ့် ပစ္စည်းတွေအကုန်လုံးတော့ယူသွားတာမဟုတ်လို့ ကျန်ခဲ့တဲ့ပစ္စည်းတွေကိုကြည့်၍ ဘယ်ဟာဘယ်သူ့အခန်းလဲခန့်မှန်းလို့ရပေသည်။

အပေါ်ထပ်ကိုတတ်ပြီးရှင်းသော်.. သူ့အခန်းဟုထင်ရတဲ့နေရာမှာ ဗီဒိုတစ်လုံးနဲ့ ကုတင်တစ်ခုရှိသည်။
ညအိပ်ဖို့အတွက်ရှင်းလင်းပြီး အရှေ့ကဘုရားခန်းဘက်ကိုထွက်လာကာ လမ်းမဘက်ကိုမျက်နှာလှည့်ထားတဲ့ ပြတင်းပေါက်တစ်ခုကိုတွေ့သည်။

ပိတ်ထားတာကြာဟန်ရှိ၍ တော်တော်နဲ့ပင်ဖွင့်လို့မရပေ....၊ ကျွီ...
ပွင့်သွားတော့မှ ခေါင်းပြူပြီးထွက်ကြည့်ရာ ဟိုဘက်
အိမ်ကခြံဝင်းထဲကိုလှမ်းမြင်နေရပါသည် ။
" ဒီနေရာ ဘယ်ဆိုးလို့လဲ..."

ရှင်းလင်းတာတွေပြီးသော်ညက၆နာရီထိုးခါနီးပြီ၊
ဆောင်းဝင်စပြုချိန်မို့ ‌မိုးစောချုပ်သဖြင့်အပြင်မှာမှောင်ရီစပြုနေခဲ့ပြီ။
သူလည်းအဝတ်ပြန်လဲပြီး အပြင်ထွက်လာ၍ လမ်းမှာတွေ့တဲ့ခလေးတစ်ယောက်အား..
" ခလေး ဒီနားမှာထမင်းဟင်းရောင်းတဲ့ဆိုင်ရှိလား"
" ရှိတယ်လေ ဆရာ...၊ ဟိုဘက်လမ်းထိပ်မှာ
ကျွန်တော်လိုက်ပြမယ်လာ..."

ဖြတ်သွားရင်းတွေ့သမျှလူတွေကသူ့အား‌ကွက်ကြည့်
ကွက်ကြည့်နဲ့...တချို့ကလှမ်းပြီးနှုတ်ဆက်ပါလျှင်
သူ့မှာသွားဖြဲ၍ခေါင်းငြိတ်ပြီး တုံ့ပြန်ခဲ့ရသည်။
ဘယ်သူတွေမှန်းမှ မသိပဲ...

သားရွှေဥ [Complete]Where stories live. Discover now