သားရွှေဥ .....1
( ဒီဇတ်လမ်းက မကွေးတိုင်းထဲကနယ်မြို့သေးသေးလေးကိုအခြေပြုထားတာပါ။
ဘယ်နေရာလဲတော့မမေးကြပါနဲ့...အဲ့နေရာကလူပါရင်ရီပို့ထုနေပါ့မယ်။
ခေတ်ကာလက ၂၀၀၀-၂၀၁၀ ဝန်းကျင်ကိုနောက်ခံထားပါတယ်။ နှစ်လုံးထီအကြီးအကျယ်ခေတ်စားတဲ့
အချိန်ပေါ့။
ကျန်တာကတော့ ဖတ်ရှူရင်းအားပေးပါရှင်)
အပိုင်း- ၁" ဒီတစ်ပတ်အလျော်ဇယားများလှချည်လား..အေ"
" များဆို ဟိုအေးမေတ္တာကျောင်းကဘုန်းကြီးပျံလေ
၈၁နှစ်ဆိုတာကို လိုက်ထိုးလိုက်ကြလို့ နယ်လုံးကျွတ်
ပေါက်ကြတာကိုး..."" အဲ့လောက်ဆို ဒိုင်ကိုတင်မရဘူးဆိုပြီး ကြိုပိတ်မှပေါ့အေ့.."
" ဪ ကျုပ်ကကြိုသိမလားဗျ.. ဘိုးလေးကမှရွှေအကိုလာမပြောခိုင်းတာ..
ညည်းမနေပါနဲ့ကြီးတော်ရာ၊ ကြက်ကန်းဆန်အိုးတိုးပါ ဘုန်းကြီးပျံကအမြဲရှိတာမှတ်လို့..."" ပြောလိုက်ရင်တော့ဖြင့်၊ နင်တို့ကမလျော်ရတိုင်း"
ချူသံပါအောင်ငြီးငြူနေသူမှာဒိုင်ချုပ်မယားဒေါ်အုန်းခင်သာဖြစ်ပြီး၊ ခန္တာကိုယ်ကဝဖိုင့်ဖိုင့်မှာရွှေဆွဲကြိုးကနှစ်ခေါက်ကိုချက်အထိရောက်တယ်၊ လက်
ကောက်ကတစ်ထောင်ဆစ်အထိ..
၂လုံး၃လုံးအကျိုးပေးလို့ဒီလောက်မတရားစားသောက်နေရတာတောင်၊တစ်ခါလောက်များအလျော်
ဇယားတတ်ရင်ကြီးတော်ကြီးကပွားလို့မပြီးပေ။သူကတော့လက်ခွဲဒိုင်ကြီးဖြစ်ကာ၊တစ်ပတ်အတွင်းအလျော်အရောင်းကိုစာရင်းလာရှင်းနေရတာဖြစ်သည်။ကော်မရှင်ရတဲ့ပိုက်ဆံကိုရေတွက်ပြီးပါးစပ်ကလည်းကွမ်းတမြုံ့မြုံ့ဝါးနေလျက်ကနေ..
" ကြီးတော် ပိုက်ဆံကလိုသေးတယ်နော်.."
ကော်မရှင်ခက ၁၀ရာခိုင်နှုန်းလေ၊ မြို့ပေါ်မှာဆိုရင်တော့၁၂ရာခိုင်နှုန်းလောက်ရပေမယ့်..ဒီနယ်ကဘိုးလေးတို့လက်အောက်ကဒိုင်ခွဲမှန်သမျှကတော့
၁၀ရာခိုင်နှုန်းပဲ..
အဲ့တော့ကောဘာဖြစ်သေးလဲ၊အရင်းမလိုတဲ့အသားတင်ဝင်ငွေပဲဟာ..." ဟုတ်လို့လား ..."
ကွမ်းတံတွေးကိုအနားကထွေးခံထဲကိုပစ်ခနဲနေအောင်လှမ်းထွေးလိုက်ပြီး...
" ရော် ဟုတ်ပါတယ်ဆို ဒီမှာကြည့်..."
" အေးပါဟဲ့..အမလေး ဟင်း..."
YOU ARE READING
သားရွှေဥ [Complete]
Romance" အရင်းရှင်ခေတ်လည်းမဟုတ်ပဲနဲ့.." " ဘယ်ခေတ်ဖြစ်ဖြစ် ကြွေးရှင်ကတော့သူလုပ်စရာရှိတာလုပ်မှာပဲ..." " ကျွန်တော့်ကိုဘာလုပ်မှာလဲဗျ..." " ချစ်တီးတွေဆီကြွေးနဲ့သိမ်းခံရရင် ဘာလုပ်တတ်ကြသလဲ..." " ဗျာ...." သူအတည်ကြီးပြောနေတာလား။ " မင်းကကျွန်တော့်ကို.... ကျွန်တော့်က...