သားရွှေဥ .....39
အပိုင်း-၃၉
ကွက်ကသူလွတ်လွတ်လပ်လပ်သွားလာလို့ရတာနဲ့အရင်ဆုံး သဲမောင်ကိုထောင်ဝင်စာတွေ့သည်။
မသွားခင်တစ်ရက်ကတည်းက အခြောက်အခြမ်းတွေကိုကြော်လှော်ချက်ပြုတ်သည်။ပြီးတော့ယူသွားပေးဖို့ပစ္စည်းတွေထည့်ထားတာ ကျန်ကျောင်းအိတ်ကြီးနှစ်လုံးစာတောင်မို့...
ကျောင်းဆရာကပြန်ကြည့်ပြီးမလိုတာတွေထုတ်ရသည်။
" ဒါတွေပို့လို့မရဘူး.."
" ဘာလို့မရတာလဲ..."
" ထောင်ပါဆိုမှ အိမ်မှာလိုဇိမ်ကြကြနေလို့ရမလားကွ"သားချစ်လေးကပင်သဲမောင်ကိုသတိရနေပြီး..
" ဦးသဲမောင်ကဘာလို့သားတို့အိမ်ကိုပြန်မလာတာလဲ
ဟင်...၊ ထောင်ဆိုတာကဘာကြီးလဲ...ဖေကြီး"" အင်း...ထောင်ဆိုတာကလူတွေကိုအပြစ်ပေးတဲ့နေရာပေါ့.."
" ဟင် ဉီးသဲမောင်ကဘာအပြစ်လုပ်လို့လဲ..."
" အေး ကွာ...ငါ့သားကလည်းသိချင်တာတွေသိပ်များတာပဲ..."
ကျောင်းဆရာမှာ သဲမောင်ကကွက်အတွက်အနစ်နာခံတာကိုသိ၍ မကောင်းလည်းမပြောလို၊ သားချစ်ကလည်းသိချင်တာရှိရင် မရ။" ဒီလိုသားရဲ့ ခလေးတွေအပြစ်လုပ်ရင် မိဘနဲ့ဆရာက ကြိမ်လုံးနဲ့ရိုက်ပြီး အပြစ်ပေးတယ်လေ။
ဒါပေမယ့် လူကြီးတွေကြတော့ မရိုက်တော့ဘူး...
ထောင်ဆိုတဲ့နေရာကို ပို့လိုက်ကြကော...
အဲ့မှာ လိမ္မာလာအောင်ဆုံးမပေးတာ၊
နားလည်ပြီလား...."" ခလေးပဲဖြစ်ဖြစ် လူကြီးပဲဖြစ်ဖြစ်ကောင်းတာပဲလုပ်ရမယ်၊ မကောင်းတာမလုပ်ရဘူး.."
သားချစ်လေးက တစ်ခုခုကိုစဥ်းစားနေပြီးမှသူ့အဖေပေါင်ကိုပုတ်၍...
" အဲ့တာဆိုသားမေးစရာရှိတယ်..."
" ကဲဗျာ...မေး မေး.."" သားတို့ဟိုဘက်လမ်းထိပ်ကိုသွားရင်လေ ...လူကြီး
တစ်ယောက်ရှိတယ်လေ..."
" အင်း...."
" ရေလည်းမချိုးပဲညစ်ပတ်တယ်လေ၊ အနားရောက်ရင်နံလို့သားတို့ဒီလိုနှာခေါင်းကိုပိတ်ထားရတယ်လေ...
ပြီးတော့ လူတွေကိုလည်း ယီးပဲ...ယီးပဲ ဆိုပြီးဆဲတယ်လေ..."
" အင်း..."" ဟိုတုန်းက...သားတို့စက်ဘီးကိုလည်း ဒီလိုတွန်းလို့ ဖေကြီးနဲ့သားတောင် မြေကြီးပေါ်ဒီလိုလဲတော့မလို့လေ...
အဲ့လူကြီးက လူဆိုးမဟုတ်ဘူးလား...ဖေကြီးပြောကြည့်.."
YOU ARE READING
သားရွှေဥ [Complete]
Romance" အရင်းရှင်ခေတ်လည်းမဟုတ်ပဲနဲ့.." " ဘယ်ခေတ်ဖြစ်ဖြစ် ကြွေးရှင်ကတော့သူလုပ်စရာရှိတာလုပ်မှာပဲ..." " ကျွန်တော့်ကိုဘာလုပ်မှာလဲဗျ..." " ချစ်တီးတွေဆီကြွေးနဲ့သိမ်းခံရရင် ဘာလုပ်တတ်ကြသလဲ..." " ဗျာ...." သူအတည်ကြီးပြောနေတာလား။ " မင်းကကျွန်တော့်ကို.... ကျွန်တော့်က...