Chapter 21 Uni&Zaw

8.8K 424 16
                                    

သားရွှေဥ .....21

                       အပိုင်း-၂၁

ကွက်တစ်ယောက်အိမ်ရောက်တာနဲ့မီးတွင်းဝင်ရပါပြီ။
အခန်းကို ကိုစေ့စပ်ကြီးကကြိုတင်ပြင်ဆင်ထားပြီးသားလေ...
အခန်းထဲကတစ်ခုတည်းသောပြတင်းပေါက်အားလိုက်ကာစပါးပါးနဲ့မလွင့်အောင်ကပ်ချည်ထားသည်။
ကွက်နဲ့ခလေးအတွက်လိုအပ်မယ့်ဟာတွေကို ကုတင်ဘေးမှာစုံအောင်ချထားပေးသည်။
" လိုတာရှိရင်ဗြုန်းခနဲ ဒိုင်းခနဲထမလုပ်နဲ့၊ လူကိုခေါ်နော်..."

သူကညအိပ်တာကို ဘုရားခန်းမှာပြောင်းမအိပ်ပဲ၊ သူတို့အခန်းရှေ့ကနေရာလပ်၊ လှေကားအတတ်နေရာနဲ့
ကြားမှာ၃ပေကျော်ပဲလွတ်ပါသည်။

အဲ့မှာလှဲကျင်းထားပြီး ဖျာနဲ့ဂွမ်းကပ်ခင်း၍ သူကအိပ်
သည်။
" ခင်ဗျားကဒီမှာအိပ်ရင် ကျုပ်ငရဲကြီးမှာပေါ့
ကျုပ်ရဲ့ ခြေရင်းကြီးလေ..."
" အခန်းခွဲလိုက်ရင်ခြေရင်း၊ ခေါင်းရင်းဆိုတာကကိစ္စ
မရှိဘူး။
ငါတောင်မိဘအိမ်ရဲ့ခေါင်းရင်းမှာနေနေသေးတာပဲ"

အိမ်မှာလူတွေရှိပေမယ့်၊ တကယ်ကြမီးနေခန်းထဲဘယ်သူဝင်လို့ရလဲ။
အရီးပြုံးကလည်း နေ့ဘက်ပဲလုပ်ပေးနိုင်မှာပေါ့။
ညရေးညတာမှာ ခလေးကိစ္စ၊သူ့ကိစ္စများရင် ဝင်ကူလုပ်ပေးနိုင်တာဆိုလို့ သူပဲရှိသည်။
မီးနေခန်းဆိုပေမယ့် မတတ်နိုင်ဘူးလေ၊ အိမ်မှာမိန်းခလေးအကူမှမရှိတဲ့ဟာ...

" ခင်ဗျား ဘုန်းနိမ့်မှာ‌ဆိုးလို့ပြောတာ..."
" ကိုယ့်သားသမီးအတွက်ပဲ၊ လုပ်ရမှာ‌ပေါ့.."

>>>>>>
အခုထိထဘီမဝတ်တတ်ပဲကျွတ်ကျွတ်နေတဲ့ကွက်
က ကြိုးနဲ့တွဲချည်ပြီးဝတ်ရသည်။
" အပေါ်အကျီတစ်ထပ်ကိုအမြဲဝတ်ထား..၊ အေးတာ
မကြိုက်နဲ့...
‌ဆောင်းတွင်းဖြစ်နေလို့ မင်းကသူများထက်ကံကောင်းတာ..."

" အမလေး ဒါဆောင်းလား၊ မကွေး‌ဆောင်းဆိုတာက
လည်းငရဲပြည်နဲ့နင်လား ငါလားပဲ..."

ကွက်ကအဲ့လိုပြောလိုက်မိတာ..
ကွက်အမြဲဖွင့်နေကြ ပန်ကာကိုဘယ်နားသိမ်းသွားမှန်းမသိ၊ ယပ်‌တောင်ပင်အခန်းထဲမတွေ့ရတော့ပေ။

ကံကောင်းတာက ကျောင်းဆရာကဒီနေရာမှာတော့
ရှေးရိုးစွဲအယူအစနဲ့မဟုတ်ပဲ၊ အဂ်လိပ်နည်းအတိုင်းပဲ
ကုစေလို့သာ..
မဟုတ်ရင်မေပြုံးပြောတဲ့ မီးနေသည်အခန်းထဲမှာမီးဖိုထားပြီး၊ဆေးအိုးပူပူပေါ်မှာခွထိုင်ရတယ်ဆိုလား...
အောင်မလေး အသားကင်မို့လားနော်
ကြက်သီးထစရာကြီး။

သားရွှေဥ [Complete]Where stories live. Discover now