Chapter 36 Uni&Zaw

9.9K 511 37
                                    

သားရွှေဥ .....35

                       အပိုင်း-၃၅

သားချစ်လေးမှာအဖေ့အိမ်နဲ့အမေ့အိမ်ကိုကူးလူး‌‌နေ
ကာ...သူ့အဖေနဲ့အရင်ကလုပ်တဲ့အတိုင်း စာသင်တာ၊
ကစားတာ၊ စကားပြောတာတွေကိုလုပ်ပါသည်။

" ဖေကြီးသိလား...သားတို့အရင်က ဟသ်ာလေးတွေသွားကြည့်ကြတာလေ..."
" ဟသ်ာလား..."
" ဟုတ် ဌက်လေ..၊ မြစ်ကြီးနားက သဲတွေပေါ်မှာ
အများကြီး..."
" ငါ့သားက ဌက်ကြည့်ရတာကိုကြိုက်တယ်ပေါ့..."
" ‌ဟုတ်...ဟသ်ာလေးတွေက အေးလို့သားရေမချိုးချင်တဲ့အချိန်ရောက်မှ ရှိတာတဲ့...
ဖေကြီးကသားကိုလိုက်ပြမယ်လို့ ကတိပေးထားတယ်..."

ကျောင်းဆရာကသူ့သားခေါင်းလေးကိုပုတ်လိုက်ရင်း
" ဟုတ်ပါပြီကွာ... ဌက်တွေဆောင်းခိုလာဖို့ကစောသေးတယ် ၊ သားနည်းနည်းထပ်စောင့်ရအုံးမယ်
ဟုတ်ပြီလား..."

အင်း သူ့သားကိုဟသ်ာလိုက်ပြမယ်ဆိုရင် ဧရာဝတီမြစ်ဘက်ကိုသွားရမှာပဲ၊ လောလောဆယ်ဘယ်လိုသွားရမှန်းမသိသလို သူ့မှာပိုက်ဆံလည်းသိပ်မရှိ‌ပေ။
လစာ ထုတ်လာတုန်းကနည်းနည်းပဲယူထားမိတာမှား
သွားပြီ။ ဒုက္ခပဲ...

>>>>>>>>>
သားချစ်လေးမှာ ဖအေအိမ်ကိုသွားရင်ပျော်ပွဲစားထွက်နေသည့်အလား...အခုတော့ကွက်ရှေ့မှာတင်ပေါ်ပေါ်တင်တင်ပဲ၊
" သား သွားလိုက်အုံးမယ်နော် " ဆိုပြီးသွားသည်။

သွားရင်လည်းဒီအတိုင်းသွားတာမဟုတ်ဘူး...
အိမ်မှာသူ့ရဲ့ကျောပိုးအိတ်က နှစ်လုံးရှိတာကိုသူကျောင်းသွားတာကတစ်အိတ်၊ကျန်တဲ့အိတ်အဟောင်းထဲကို အိမ်မှာရှိတဲ့သူ့အဖေပစ္စည်းတွေကိုထည့်ပြီးသယ်သွားသေးတာ။
သူ့အဖေရဲ့စာအုပ်တွေ၊ ပစ္စည်းတွေဆို ဘယ်နေရာမှာ
ဘာထားမှန်းသူပဲသိတာမို့..အကုန်ထည့်ယူပါသည်။

အဝတ်ဗီဒိုထဲက အဝတ်အစားတွေပါထည့်ယူတာကြောင့်...
" အဝတ်တွေကဘာလုပ်တာလဲ.."
" သားဖေကြီး အကျီတွေ.."
" ဒါမေကြီးဝယ်ထားတာနော် မေကြီးပစ္စည်းပဲ"
" ဒါပေမယ့်မေကြီးမှ ဝတ်လို့မရတာလေ...
သားဖေကြီးကို ပေးလိုက်ပါ...ဖေကြီးသနားပါတယ်"

ခလေးစိတ်ထဲမှာ ဟိုဘက်အိမ်မှာသူ့အဖေကတစ်ယောက်ထဲ နုံနုံချာချာနေရတယ်ဟုထင်နေဟန်ရှိသည်။

သားရွှေဥ [Complete]Where stories live. Discover now