သားရွှေဥ .....27
အပိုင်း-၂၇
ဆေးရုံတတ်ပြီးဆယ်ရက်အကြာ...
ဆရာဝန်ကြီးက ရောင်နီ့အခြေအနေကိုစစ်ဆေးကြည့်ပြီးနောက် ဆင်းချင်ဆင်းဖို့ခွင့်ပြုလိုက်သည်။
" အရင်ကသူနေထိုင်ဘူးတဲ့ပတ်ဝန်းကျင်၊ ရင်းနှီးတဲ့လူတွေ၊ ရင်းနှီးတဲ့အရာတွေကို ထိတွေ့ပေးရင်
ဦးနှောက်က တုံ့ပြန်နိုင်လာမလားမပြောတတ်ဘူး။သတိထားရမှာတော့ ခေါင်းမခံမရပ်နိုင်အောင်ကိုက်တာ၊ သတိလက်လွတ်အခြေအနေမျိုးဖြစ်သွားတာ၊
နှာခေါင်းတို့ နားတို့ကနေသွေးလျှံတာ..ကော်ဖီရောင်
တွေအန်တာ...အဲ့လိုအခြေအနေမျိုးဖြစ်လာရင်ဆေးရုံကိုချက်ချင်းပြန်ခေါ်လာပါ..."" ပြီးတော့ လူနာကို အချိန်ကြာကြာအနားယူခိုင်းပါ..."
ကျောင်းဆရာကတော့ ဒီအတိုင်းမလှုပ်မယှက် အရုပ်လိုပုံစံပါပဲ၊ သူ့အမေနဲ့အစ်ကိုကအစားကျွေးရင်စားတယ်၊ အိပ်ဆိုအိပ်တယ်..
သူ့အတွက်အရာအားလုံးကအသစ်ဖြစ်နေပြီး အခုမှပြန်မွေးဖွားလာတဲ့လူလိုပါပဲ...
" ဟုတ်တယ် ငါ့သားက သုဝဏ္ဏသာမလိုသားမျိုးလေ၊
အဲ့တာကြောင့် သေဘေးကနေတောင်လွတ်ပြီးတစ်ခါ
ပြန်မွေးဖွားလာတာ..."
ဖြစ်နိုင်ရင်ဒီအတိုင်းမေ့လက်စနဲ့ အားလုံးကို မေ့ပြီးအသစ်ကနေပြန်စတင်လိုက်။ဆေးရုံဆင်းရတော့ လူနာကို---ကျေးရွာကြီးအုပ်စုဘက်ကအိမ်အသစ်ကိုတစ်ခါထဲပြောင်းရွေ့၍ခေါ်သွားပါသည်။
အိမ်က သူ့အစ်ကိုသူငယ်ချင်းရဲ့အိမ်ပါ။
အိမ်အသစ်ကြီး၊ သူငယ်ချင်းလင်မယားကအခုမလေးရှားမှာပါ၊ သူတို့ပြန်လာရင်နေဖို့ဆိုပြီးအိမ်အသစ်ဆောက်ထားတာ။ ဒါပေမယ့်သူတို့ကပြန်လာအုံးမှာမဟုတ်တော့ အိမ်စောင့်လည်းရ၊အဌားခလည်း
ရအောင် ဆိုပြီးဌားပေးပါသည်။ကွက်ဆီကိုလာတဲ့နေ့ကတည်းက သူတို့အိမ်ကိုပါဝင်ပြီးတစ်ခါထဲလိုအပ်တာတွေကို သိမ်းပြီးပြောင်းရွေ့ထားသည်။ အခုဆေးရုံကဆင်းရတော့ နေဖို့အဆင်သင့်ဖြစ်နေပါပြီ။
" လာ ညီလေး လာ... ဒါငါတို့အိမ်သစ်ပဲ"
" အသစ်ဆိုတော့ အဟောင်းကဘယ်မှာလဲ..."
ရုတ်တရက်သူထပြောလိုက်တဲ့စကားကြောင့် သားမိနှစ်ယောက်ကြောင်အမ်းသွားရသည်။
YOU ARE READING
သားရွှေဥ [Complete]
Romance" အရင်းရှင်ခေတ်လည်းမဟုတ်ပဲနဲ့.." " ဘယ်ခေတ်ဖြစ်ဖြစ် ကြွေးရှင်ကတော့သူလုပ်စရာရှိတာလုပ်မှာပဲ..." " ကျွန်တော့်ကိုဘာလုပ်မှာလဲဗျ..." " ချစ်တီးတွေဆီကြွေးနဲ့သိမ်းခံရရင် ဘာလုပ်တတ်ကြသလဲ..." " ဗျာ...." သူအတည်ကြီးပြောနေတာလား။ " မင်းကကျွန်တော့်ကို.... ကျွန်တော့်က...