Chapter 4 uni&zaw

7.2K 290 6
                                    

သားရွှေဥ .....4

                       အပိုင်း-၄

အိမ်အောက်ထပ်မှာက အိမ်အဝင်မှာကွက်ရဲ့စားပွဲနဲ့ထိုင်ခုံတန်းလျားရှိပြီး၊ နောက်ကျန်တဲ့နေရာကို သံမံတလင်းပေါ်မှာလျှာထိုးအပြည့်ခင်းထားကာ ထမင်းစားခါနီးမှစားပွဲဝိုင်းကြီးချခင်း‌စားပြီး ကျန်တဲ့အချိန်‌ တွေမှာနေရာလွတ်အဖြစ်ထားရှိသည်။

အောက်ထပ်မှာအိပ်ခန်းတစ်ခန်းပဲရှိကာ မေပြုံးတို့လင်မယားနေသည်၊
အနောက်မှာမီးဖိုချောင်နဲ့ရေချိုးခန်းနဲ့အိမ်သာကိုအကန့်တစ်ခုထားပြီးခွဲထားသည်။

အပေါ်ထပ်မှာလည်းအိပ်ခန်းကျယ်ကတစ်ခန်းထဲရှိကာ ကွက်အခန်းဖြစ်သည်။ ကျန်တာကိုအခန်းကန့်
မထားပဲ၊ အိမ်ရှေ့ဆုံးမှာဘုရားစင်နဲ့ဘုရားခန်း၊ အလယ်မှာတော့တီဗီစင်ထားပြီး..အဲ့ရှေ့ကနေရာကျယ်မှာ သဲမောင်၊ရဲအောင်နဲ့ ချစ်ထွေးတို့သုံးယောက်သားအိပ်ကြသည်။

ကျန်အချိန်မှာတော့တီဗီကြည့်တဲ့နေရာပေါ့...

မေပြုံးသည်ရုပ်ရှင်အလွန်ကြိုက်သူဖြစ်ရာဘာကားပြပြမအိပ်ပဲထိုင်ကြည့်နိုင်သည်၊ ဒါပေမယ့်သူ့ဖာသာတော့မဖွင့်တတ်၍  သဲမောင်၊ရဲအောင်နဲ့ ချစ်ထွေးကအစသူဆရာတင်ထားရသည်။
သဲမောင်က ဆိုင်ကယ်နဲ့အခွေသွားသွားဌားပေးသည်၊
အခွေဌားဆိုင်လည်းတစ်မြို့နယ်လုံးမှာမှ နှစ်ဆိုင်လားပဲရှိသည်။

တီဗီနဲ့အောက်စက်ဆိုတာ အိမ်တိုင်းမှာရှိတဲ့ပစ္စည်းမဟုတ်၍၊ ညနေစောင်းဆိုအိမ်မှာလူစုံ ခလေး၊လူကြီး
ရုပ်ရှင်လာကြည့်ကြသည်။

ကွက်ကရုပ်ရှင်သိပ်ကြိုက်တဲ့လူမဟုတ်တော့ သိပ်လည်းမကြည့်ဘူး၊ ဘယ်သူလာကြည့်ကြည့်ဘာမှမပြောဘူး၊ ဒါပေမယ့် ကွက်အိပ်နေတုန်းတော့လာမဆူ
ကြနဲ့ ထလုပ်ခံရမယ်မှတ်။

နှစ်လုံးထီကိုကွက်ကအိမ်မှာရောင်းတယ်၊ သဲမောင်နဲ့
ရဲအောင်က တနေရာစီသွားရောင်းရတယ်၊ 11ခွဲရင်ပြန်လာပြီး အားလုံးစုကာဒိုင်ချုပ်ကိုသွားတင်ရသည်။

အဲ့တာပြီးရင်သင်းတို့ကအားနေတာမို့ ထမင်းစားပြီးတာနဲ့အပေါ်မှာ ဆောင်းဘောက် ဖွင့်ကာသီချင်းဆိုတော့သည်။
သဲမောင်က ခေတ်သီချင်း ဒွန့်ဒွန့်ဒန့်ဒန့်ကြိုက်၊ ရဲအောင်ကတွံတေးစိုးအောင် တစ်ကိုယ်တော်မှ...
တစ်ခါတစ်ခါ ဟိုအကောင် သေးလေးကပါ ဝင်ပါသေးတယ်။

သားရွှေဥ [Complete]Where stories live. Discover now