သားရွှေဥ .....15
အပိုင်း-၁၅
ရောင်နီဦး... တစ်လောကလုံးဒီကိစ္စကိုသိနေကြပြီ
နင် ဘယ်လိုမျက်နှာနဲ့ ကျောင်းဆရာလုပ်မှာလဲ...ဟမ်
နင်က ဘယ်လိုဆရာတစ်ယောက်လုပ်မှာလဲ .."အမေ့ခြံထဲကထွက်လာတဲ့အထိ ဒီအသံကသူ့နားထဲကပ်ငြိ၍ပါလာခဲ့သည်။
ဘယ်လိုလုပ်..ဘယ်လိုလုပ်ပြီး ဒီကိစ္စကိုလူတွေသိသွားရတာလဲ။
ဒီအချိန်မှာကွက်ကလည်းအိမ်မှာရှိမနေပါ...
သူ့ဘက်ကသိတဲ့လူဆိုတဲ့ ဆရာသန်းလှိုင်တို့လင်မယားပဲရှိတာ၊ ဆရာတို့ကလည်းသူ့ကိုရှေ့ထားပြီးဒီကိစ္စကို ဘယ်လိုမှလိုက်ပြောမှာမဟုတ်ဘူး။
အဲ့တော့ သူ့ဘက်ကနေပေါက်ကြားတာမဖြစ်နိုင်ဘူး..ရွှေဇီးကွက်ပဲ ...သူဘက်ကကတိ၃ခုပဲတောင်းခဲ့တာ၊
အဲ့တာကလည်းဘယ်သူ့ကိုမှထိခိုက်စေတာမဟုတ်ဘူး။ ဒါတောင်နှုတ်မလုံနိုင်ဘူးလား..သူကအခုဘယ်လိုမျက်နှာနဲ့ဒီရပ်ကွက်ထဲသွားလာနေထိုင်ရမလဲ..၊ ယောက်ျားတစ်ယောက်ဖြစ်ပြီး..
သူဒေါသထွက်ပြီးရွှေဇီးကွက်ပြန်အလာကိုစောင့်နေခဲ့သည်။
ကွက်ကလည်းမနက်ဖြန်ချဲထွက်မှာမို့ ရောင်းထားတာ
တွေဒိုင်ကိုတင်ပြီး စာရင်းရှင်းရသည်။
ချဲက နှစ်လုံးလိုအိတ်စိုက်လျော်ဖို့မသက်သာတော့
သူကိုယ်တိုင်တင်ပြီး၊ ပိတ်ဂဏန်းရှိရင်တစ်ခါထဲဖယ်ရသည်။ သူ့ဆီမှာထိုးတာတွေကအချီကြီးတွေလေ...ညမှောင်ခါနီးမှအေးအေးလူလူထမင်းစားဖို့အိမ်ပြန်လာသောအခါ...
" ရွှေဇီးကွက်..."
" ဘာတုန်း..."
ဆိုင်ကယ်ရပ်ပြီးအိမ်ထဲဝင်ယုံရှိသေး၊ အိမ်ထဲကလူကမျက်နှာရှစ်ခေါက်ချိုးနဲ့သူ့ကိုဆောင့်ခေါ်သောအခါ.." ဘာဖြစ်နေတာလဲ..ခင်ဗျားက.."
အပေါ်မှာအိမ်သားတွေအကုန်ရှိသည်၊ ရုပ်ရှင်စုကြည့်
နေကြသည်။ ဒါပေမယ့်သူဒါကိုအခုမှထုတ်မမေးရင်
ဒီတစ်ညလုံးမြိုသိပ်ထားရမည်၊မနက်ဖြန်လည်းကျောင်းကိုဒီအတိုင်းသွားရမည်... သူမနေနိုင်ပါ။
ဘာဖြစ်ဖြစ်အခုပဲရှင်းမှဖြစ်မယ်.." မင်း ဘာလို့ကတိမတည်တာလဲ "
" ဘာလဲ ဘာကိုလဲ..."
" ငါကမင်းကို ကတိ၃ခုပဲတောင်းခဲ့တာ..."
" အဲ့တော့ အခုမှဘာလာဖြစ်နေတာလဲ.."
YOU ARE READING
သားရွှေဥ [Complete]
Romance" အရင်းရှင်ခေတ်လည်းမဟုတ်ပဲနဲ့.." " ဘယ်ခေတ်ဖြစ်ဖြစ် ကြွေးရှင်ကတော့သူလုပ်စရာရှိတာလုပ်မှာပဲ..." " ကျွန်တော့်ကိုဘာလုပ်မှာလဲဗျ..." " ချစ်တီးတွေဆီကြွေးနဲ့သိမ်းခံရရင် ဘာလုပ်တတ်ကြသလဲ..." " ဗျာ...." သူအတည်ကြီးပြောနေတာလား။ " မင်းကကျွန်တော့်ကို.... ကျွန်တော့်က...