Ending ♥️♥️

28.9K 882 81
                                        

သားရွှေဥ .....( Ending Episode)

အပိုင်း-(ဇတ်သိမ်းပိုင်း)

သားချစ်ကကွက်နဲ့တူပြီး သမီးကြကျောင်းဆရာနဲ့တရုပ်ထဲပေ။အသားကဖွေးဥနေတာ ပြီးတော့မွေးလာကတည်းကတစ်လုံးတစ်ခဲကြီးမို့ ပါးလေးတွေကဖောင်းအိနေတာပင်။
သူ့အဖေပေါ့ သူ့သားအကြီးတုန်းကလိုမဖြစ်အောင်ဆိုပြီး ကွက်ကိုအစားအသောက်ကအစအတင်းလိုက်ကြပ်မတ်တာလေ။
ကဲအခုသူ့စိတ်တိုင်းကြပါပဲ...

သမီးက ကွက်နဲ့သူတစ်ကြိမ်ကွဲပြီးမှ၊သူတို့ခံစားချက်တွေပွင့်ပွင့်လင်းလင်းရှိခဲ့ကြပြီးမှ ရလာတာမို့..
ချစ်သက်လက်‌ဆောင်ဆိုတဲ့သဘောနဲ့ ကျောင်းဆရာကပဲ သမီးတော်အား မေ့ချစ်သက်လို့အမည်မှည့်သည်။ ရွှေဇီးကွက်သမီး မေ့ချစ်သက်..တဲ့။

ဖအေလုပ်သူကနာမည်လှလှရွေးပေးထားပေမယ့် အရပ်ကတော့ သူ့သမီးက‌ဖွေးဖွေးလုံးလုံးနဲ့မို့ ဘဲဥနဲ့တူ
တယ်ဆိုပြီး ဘဲဥမဆိုပြီးငယ်နာမည်ပေးလိုက်ကြသည်။ အေးရော...

ရှေ့သွားလေးတွေမပေါက်ခင်ကတည်းကအစားကြမ်းလို့ မအေနို့တစ်ခုထဲနဲ့တင်မရပဲ ဖြည့်ဆွတ်စာပါ
စောကျွေးရသည်။

သားချစ်လေးကလည်းသူ့ ညီမလေးကိုချစ်လည်းချစ်ရှာပါတယ်။

မွေးခါကစနေအခုအထိ မိုးလင်းတာနဲ့သူ့ညီမလေးကို
အရင်ထကြည့်ပြီး ပါးလေးတွေကိုနမ်းတတ်တဲ့ကိုကိုသားချစ်ပင်။
" ဖေကြီး သားညီမလေးကဘယ်တော့စကားပြောမှာလဲဟင်..."
" သားကဘာပြောစေချင်လို့လဲ..."
" အင်း သားသူ့ကိုပုံပြင်ပြောပြမယ်လေ.."
" ဒါဆို အခုကတည်းကပြောပြလိုက်လေ..
သားညီမလေး စကားပြောတတ်ရင်တော့ သားအရင်ဆုံးစိတ်ညစ်ရမှာပဲ.."

" ဟင် ဘာလို့လဲဖေကြီး..."
" သားစကားကိုနားထောင် တော့မှာမဟုတ်လို့ပေါ့..
မင်းအမေကိုပဲကြည့် ဖေကြီး နေ့တိုင်းလိုက်ပြောရတယ်လေ ၊ သူနားထောင်လား.."
သားချစ်လေးက စဉ်းစားပြီးခေါင်းခါပြသည်။

" ဟေး တော်တို့သားအဖ ဘာအတင်းပြောနေတာလဲ"
ခပ်လှမ်းလှမ်းမှာထိုင်ပြီး စာရင်းတွက်နေတဲ့ကွက်ကလှမ်းအော်တော့သည်။

ထိုင်တတ်၊လေးဘက်သွားတတ်တဲ့အရွယ်ရောက်တော့ ကိုကိုသားချစ်လည်းအငြိမ်မနေရတော့ဘူး။
သူ့ညီမကိုလိုက်ထိန်းနေရပါပြီ...

You've reached the end of published parts.

⏰ Last updated: Jan 23, 2024 ⏰

Add this story to your Library to get notified about new parts!

သားရွှေဥ [Complete]Where stories live. Discover now