Chapter 31 Uni&Zaw

7.2K 358 19
                                    

သားရွှေဥ .....31

                       အပိုင်း-၃၁

" ဟေ့ကောင်လေးမပြန်သေးဘူးလား ကွ..."

သားချစ်လေးမှာကျောင်းဆင်းပေမယ့်မပြန်သေးပဲ
ကျောင်းဝန်းထဲမှသူ့ဖိုးဖိုးကြီးစိုက်ထားခဲ့သောလက်ပံပင်နားမှာ တစ်ယောက်ထဲထိုင်ဆော့နေတာကို ဆရာသန်းလှိုင်ကမြင်၍လာစကားပြောတာဖြစ်သည်။

[ပြီးခဲ့တဲ့နွေရာသီ...(သူ့အဖေဒီလိုမဖြစ်ခင်အချိန်တုန်းက) ဒီလက်ပံပင်ကြီးအပွင့်တွေပွင့်တော့ သူ့အဖေကသူ့ကိုခေါ်လာပြီး လက်ပံပွင့်တွေအတူကောက်ခဲ့ကြသေးသည်။
" ဖေကြီး သားကောက်တာအများကြီးပဲရပြီ..."
" ဟုတ်ပြီကွာ ငါ့သားက‌တော်လိုက်တာ..."
" ဖေကြီး သားတို့နေ့တိုင်းလာကောက်ကြမယ်လေ"
" သူ့ရာသီကုန်ရင် အပွင့်မပွင့်တော့ဘူး သားရ...
တစ်နှစ်လုံး စားလို့ရအောင်ဖေကြီးကဒါတွေကိုနေခြောက်လှန်းထားမှာ..."

" ဒါပေမယ့် သားကဒီဟင်းမကြိုက်ဘူးဗျ.."
" ဖေကြီးလည်းငယ်ငယ်က တော့မကြိုက်ပါဘူး၊
သားလည်းဖေကြီးအရွယ်ရောက်လာရင်ကြိုက်လာမှာပါ၊ သားကအညာသားပဲဟာ..."

" သားကအညာသားလား..."
" ဟုတ်တာပေါ့ကွ၊ ဖေကြီးကအညာသားဆိုတော့
သားလည်းအညာသားလေးပဲပေါ့..."
" ဟီး သားကအညာသားပဲ...
ဒါဆိုမေကြီးကွက်ကကော..."

" မင်းမေကြီးလည်း အညာသားကိုယူမှတော့ အညာသူပဲပေါ့ကွ..."
" ဒါဆို သားတို့မိသားစုကအညာသားတွေပေါ့.."
" ဒါပေါ့..."

ဒီအပင်ရဲ့ပင်စည်ပတ်လည်ကထုံးဖြူဖြူတွေကသူ့အဖေကိုယ်တိုင်သုပ်ခဲ့တာဖြစ်သည်။
" ဘာလို့ဒီလိုလုပ်တာလဲဟင်ဖေကြီး..."
" ထိန်းသိန်းရမယ်လေ၊ ဒီအပင်ကမင်းဖိုးဖိုးကြီးစိုက်ခဲ့တာကွ...
ဖေကြီးထက်တောင်အသက်ကြီးသေးတယ်.."

" ဟင် ဖေကြီးထက်အသက်တော့ ဖေကြီးကကိုကြီးလို့ခေါ်ရမှာပေါ့..."
သူ့အဖေက သဘောကြ၍မျက်လုံးများမှေးကျဉ်းတဲ့အထိရယ်ပြီး..
" အေး ငါ့သားပြောမှပဲ အဖေလည်းသစ်ပင်နဲ့ညီအစ်ကိုတွေဖြစ်ကုန်ပြီ..."                 ]

သားချစ်လေးကဆရာသန်းလှိုင်ကိုမော့ကြည့်ပြီး..
" သားပြန်မှာပါဗျ၊ ကိုကြီးချစ်ထွေးမလာသေးလို့
စောင့်နေတာ..."
အရင်ကကျောင်းဆရာမှာသူ့သားကို သွားလေရာခေါ်ခေါ်လာလေ့ရှိတာကြောင့် သားချစ်လေးက ဆရာသန်းလှိုင်နဲ့လည်းရင်းနှီးနေတာမို့မကြောက်ပေ။

သားရွှေဥ [Complete]Where stories live. Discover now