Chapter 32 Uni&Zaw

9.9K 495 46
                                    

သားရွှေဥ .....32

                       အပိုင်း-၃၂

ကွက်ကအိမ်ရှေ့ခေါ်ပြီးရန်တွေ့နေတာကြောင့်..
အရပ်ထဲကလူတွေကလည်းဟိုဟိုဒီဒီထွက် ကြည့်ပြီးစပ်စုကုန်ကြသည်။
ဒေါ်ဌေးကြွယ်မှာဒီအရပ်ထဲရောက်မှပဲအရင်လိုသိက္ခာရှိရှိနေနိုင်တော့တာကိုအခုတော့ ရွှေဇီးကွက်ကြောင့် အားလုံးသဲထဲရေသွန်ဖြစ်တော့သည်။

" ပြီးပြတ်ပြီးသားကို ချီးခြောက်ရေနူးလာလုပ်နေတာ
ညည်းမရှက်ဘူးလား အေ..."

" ကျုပ်က ဘာလို့ရှက်ရမှာလဲ..ဟမ်
ဘာကိစ္စနဲ့ရှက်ရမှာလဲ...၊
ဆန်မရှိအစားကြီးနေတာလဲမဟုတ်၊ သူများလင်ကိုလာလုနေတာလဲမဟုတ်ပဲနဲ့...ဘာကိစ္စရှက်ရမှာလဲ..
ပြောစမ်းပါအုံး၊ ဘယ်သူကရှက်ရမှာလဲလို့ .."

ကျောင်းဆရာက ကွက်ကိုလက် လှမ်းဆွဲချင်သည်။
ဒါပေမယ့် ခဗျာကွက်ကိုလည်းမထိရဲပဲ..လက်တကာကာဖြစ်ကာ...
" နေပါအုံး နေပါအုံးဗျ....ဒါဆို ခင်ဗျားကကျွန်တော့်
ဇနီး...ခလေးကကျွန်တော်တို့ခလေး အဲ့လိုလား.."

" ဘယ်နှစ်ခါပြောရမှာလဲ..."
ကွက်ကအော်ထုတ်လိုက်တော့သူလန့်သွားရသည်။

ထိုအချိန်မှာပဲ သူ့အစ်ကိုကလည်းအလုပ်သိမ်းပြီးပြန်
လာချိန်ဖြစ်ကာ၊ ရွာထိပ်မှာထဲကသတင်းကြားသဖြင့်
ဆိုင်ကယ်ကိုအကြမ်းပတမ်းမောင်းလာခဲ့တော့သည်။

" ရွှေဇီးကွက် မင်း ဘာလာလုပ်တာလဲ.."
" ဪ အမျိုးယုတ်တွေ စုံပြီပဲ..."
" ဘာ...."

ကွက်ကအရပ်ထဲကလူတွေဘက်လှည့်ကာ...
" ကြည့်ကြအုံး အရပ်ကတို့ရေ..
ဦးနှောက်ပျက်နေတဲ့ဒီအရူးကိုလေ ၊ လူပျိုဆိုပြီးအမေနဲ့အစ်ကိုက ဝိုင်းလိမ်ပေးထားကြတာလေ။
အမျိုးယုတ်တွေပဲမှတ်လား...

ကျုပ်မှာ ဒီလူနဲ့သားလေးရှိတယ်..၅နှစ်အရွယ်ခလေး

သူတို့တောင်ဒီအရွယ်ကြီးကောင်ကြီးမားကြီးကို..ဒီလောက်တန်ဖိုးရှိနေကြရင် ကျုပ်အတွက်ဆို ကျုပ်သားဥမမယ်စာမမြောက်လေးက ဘယ်လောက်အဖိုး
တန်လဲ စဉ်းစားကြည့်လေ...

ကျုပ်က ဒီလူမရှိလဲ ကျုပ်သားကျုပ်ရှာကျွေးနိုင်တယ်၊ ဒါပေမယ့် ကျုပ်သားလေးက...
ဖအေနဲ့တစ်ခါမှ မခွဲဘူးတော့ မနေတတ်ဘူးဖြစ်နေတာ..."
ကွက်သည်ပြောရင်းနဲ့ဝမ်းနည်းပြီးအသံတိမ်သွားရကာ၊ ဒါပေမယ့် ချက်ချင်းပဲဒေါသထွက်လာရပြီး..

သားရွှေဥ [Complete]Where stories live. Discover now