သားရွှေဥ .....36
အပိုင်း-၃၆
သူအပြင်ထွက်၍ ရပ်ကွက်ထဲဟိုဟိုဒီဒီလျှောက်စုံစမ်းကြည့်တော့ ကွက်ကိုမမိ သေးမှန်းသိရသည်။
အိမ်ကိုပြန်လာပြီး အနောက်တံခါးကနေခြံထဲဆင်းကာ ...ကွက်ဘယ်လမ်းကြောင်းကနေထွက်သွားလဲသူစဉ်းစားကြည့်သည်။
ကွက်တို့အိမ်ပုံစံ ခြံကပေ၃၀၊ပေ၆၀ ကိုမှအိမ်ကိုခေါင်းရင်းပိုင်းကိုတိုးပြီး ပေ၂၀အပြည့်ဆောက်ကာ ၊ခြေရင်းဘက်(ကျောင်းဆရာတို့ခြံ)ဘက်မှာ ၁၀ပေကို
အလွတ်ထားသည်။
အရှေ့အနောက်ပေ၆၀ကိုမှ အရှေ့ဘက်ကို၁၀ပေ၊ အနောက်ကို၁၀ပေအလွတ်ထားပြီး အိမ်ကပေ၂၀၊ပေ၄၀အိမ်ဖြစ်သည်။
အုတ်တံတိုင်းကလည်းကျောင်းဆရာတို့ခြံတစ်ဖက်ထဲကိုပဲကာထားတာဖြစ်ပြီး၊ ခေါင်းရင်းနဲ့ခြံအနောက်
အထိမပါပါ။
သူတို့ရောက်ကာစကဆိုလူနေအိမ်ကလွဲ၍ ခြံထဲကိုတောင်ကောင်းကောင်းသွားလာလို့မရ ...အနောက်ဘက်မှာအမှိုက်ပုံနဲ့ဆူးခြုံတွေသာရှိသည်။
ကျောင်းဆရာ ရောက်လာပြီးကတည်းက ဘေးဘက်
ကနေစပြီးအနောက်အထိ ဖြေးဖြေးချင်းဆီရှင်းလင်း
ပြီး သီးပင်စားပင်တွေစိုက်သည်။
အရင်ကဆို ကျောခြင်းကပ်ထားတဲ့ အိမ်နှစ်အိမ်လုံးက အနောက်လမ်းကြားထဲကိုအမှိုက်တွေပစ်တော့
အမှိုက်ပုံဖြစ်နေတာကိုလည်း သူကရှင်းပစ်လိုက်တော့
အနောက်အိမ်ကလည်းမပစ်တော့ပေ။
အနောက်ဘက်မှာ ခံတတ်ပင်တွေစိုက်ထားတော့ နှစ်အိမ်လုံးခူးချင်တဲ့ခူးလို့ရသည်။
ကွက် အနောက်ဘက်ကနေထွက်ပြေးမယ်ဆို ဒီနောက်
အိမ်ထဲပြေးမှာပဲ။ သူ့အိမ်ဘက်ကိုတော့ပြေးမှာမဟုတ်ဘူး၊ သူ့အိမ်ဆိုအုတ်တံတိုင်းကိုလည်းဖက်တတ်ရအုံးမယ် ပြီးတော့သူတို့ကလင်မယားမှန်းသိနေတာကို သူ့အိမ်ဘက်ကိုမရှာပဲနေမလား။
နေ့ခင်းကြောင်တောင်ကြီးဝင်ဖမ်းတာဆိုတော့ ကွက်ကအရင်ဆုံးတစ်နေရာမှာပုန်းနေမှပဲရမယ်။
ဒီကနေထွက်လိုက်ရင် လမ်းထိပ်ဘက်မှာ ရဲတစ်ယောက်တော့စောင့်ပိတ်ဖမ်းမှာပဲ...
သူ့မိန်းမအဲ့လောက်မနုံတာကိုသူသိသည်။
လောလောဆယ်ကွက်အနောက်လမ်းကတစ်အိမ်အိမ်မှာရှိနေလိမ့်မယ်။ ဒါပေမယ့် သူသွားရှာလို့မဖြစ်ပေ..
YOU ARE READING
သားရွှေဥ [Complete]
Любовные романы" အရင်းရှင်ခေတ်လည်းမဟုတ်ပဲနဲ့.." " ဘယ်ခေတ်ဖြစ်ဖြစ် ကြွေးရှင်ကတော့သူလုပ်စရာရှိတာလုပ်မှာပဲ..." " ကျွန်တော့်ကိုဘာလုပ်မှာလဲဗျ..." " ချစ်တီးတွေဆီကြွေးနဲ့သိမ်းခံရရင် ဘာလုပ်တတ်ကြသလဲ..." " ဗျာ...." သူအတည်ကြီးပြောနေတာလား။ " မင်းကကျွန်တော့်ကို.... ကျွန်တော့်က...
![သားရွှေဥ [Complete]](https://img.wattpad.com/cover/355266870-64-k731187.jpg)