သားရွှေဥ .....17
အပိုင်း-၁၇
ကျောင်းမှာလပတ်စာမေးပွဲတစ်ခါဖြေပြီးပြီမို့၊ သူအပ်
ထားတဲ့ချစ်ထွေးအခြေအနေကို အတန်းပိုင်ဆရာမထံ
သွား၍မေးမြန်းရသည်။
" ဆရာမ ဒီကောင်လေးအခြေအနေဘယ်လိုရှိလဲဗျ..
စကားနားထောင်ရဲ့လား၊ အတန်းထဲမှာ ကောငြိမ်ရဲ့လားဗျာ"" ကျောင်းစတတ်တတ်ခြင်းတုန်းကထက်အခုတော့အများကြီးအဆင်ပြေပါတယ် ဆရာရေ ...
သူငယ်ချင်းတွေလည်းရနေတော့ ကျောင်းနေရပျော်လာပြီထင်တယ်...
စာလည်းလိုက်နိုင်ပါတယ် တခြားလည်းမဆိုးပါဘူး.."ဆရာမက ချစ်ထွေးရဲ့အဖြေလွှာရှာပြီးသူ့ကိုပြသည်။
" အောင်မှတ်ရ အောင်တော့ဖြေနိုင်သားပဲ...""အိမ်မှာဆရာလည်း သူ့ကိုသင်ပေးတယ်မို့လား.."
" ဒီကောင်လေးကကျောင်းစာနဲ့လုံးဝအဆက်ပြတ်နေတာလေ၊ အခုတောင်တကယ်ကျောင်းတတ်ချင်တာမဟုတ်ဘူး....
ကျွန်တော်နဲ့ အမျိုးသမီးကအတင်းထားလို့သာ၊
ဆရာမဆီ မျောက်တစ်ကောင်အပ်ထားရတာလဲအားနာပါတယ်ဗျာ..."" မဟုတ်တာပဲ.. ဒါနဲ့ဆရာနဲ့ဘာတော်ကြတာလဲဟင်
ကျောင်းအပ်ထဲကမေးမလို့ဟာ..မမေးဖြစ်ဘူး"" ဪ ဟုတ်၊ သွေးသားမတော်စပ်ပေမယ့် ကျွန်တော့်အမျိုးသမီးကခေါ်ယူမွေးစားထားတာမို့ သူ့ရဲ့မောင်လို့ပဲပြောရမှာပေါ့..."
ဆရာမလေးကကျေးရွာကြီးဘက်ကမို့ သူတို့အကြောင်းကိုသိပ်မသိတာဖြစ်မည်။
" ဪ အဲ့လိုမျိုးလား...၊ ဒီအရွယ်ခလေးကိုအခုလို
ကျွေးမွေးကျောင်းထားပေးဖို့က လွယ်တာမဟုတ်ဘူး၊ ဆရာတို့ဇနီးမောင်နှံက စိတ်သဘောထားပြည့်ဝကြလို့သာ .. မောင်ချစ်ထွေးကကံကောင်းတာပေါ့"" အဆိုးထဲက အကောင်းပေါ့ဗျာ..."
မိဘရှိပေမယ့် ပစ်ထားခံရတဲ့ခလေးတစ်ယောက်ကို
ပြန်မွေးစားခံရတိုင်း လည်းကံကောင်းပါတယ်လို့တထစ်ချမပြောနိုင်ဘူးလေ။>>>>>>>>
ကျောင်းမှာမို့ပုံမှန်အတိုင်းပဲနေပေမယ့် အမှန်အတိုင်းပြောရရင်တစ်ချိန်လုံးသူ့စိတ်တွေလှုပ်ရှားနေခဲ့သည်။
စာသင်တာကနေ့တိုင်းလုပ်နေကြအလုပ်မို့သာအလွဲအချော်မဖြစ်တာ..၊ တကယ်တော့လူကစိတ်တခြားကိုယ်တခြားနဲ့...
YOU ARE READING
သားရွှေဥ [Complete]
Romance" အရင်းရှင်ခေတ်လည်းမဟုတ်ပဲနဲ့.." " ဘယ်ခေတ်ဖြစ်ဖြစ် ကြွေးရှင်ကတော့သူလုပ်စရာရှိတာလုပ်မှာပဲ..." " ကျွန်တော့်ကိုဘာလုပ်မှာလဲဗျ..." " ချစ်တီးတွေဆီကြွေးနဲ့သိမ်းခံရရင် ဘာလုပ်တတ်ကြသလဲ..." " ဗျာ...." သူအတည်ကြီးပြောနေတာလား။ " မင်းကကျွန်တော့်ကို.... ကျွန်တော့်က...